🌟Part-15🌟

236 33 18
                                    

Part-15
[Unicode]



ဆောနူးပြောခဲ့သော စကားတွေကိုမတွေးမိအောင် စာတွေကိုသာဖိလုပ်နေလိုက်သည်...သို့သော် ထိုစကားတွေက အတွေးထဲကနေတော်ရုံနဲ့မထွက်...စိတ်မပါတဲ့ အလုပ်ကို အတင်းကာရောလုပ်နေခဲ့တာ ကျောင်းဆင်းချိန်တောင်ကျော်လွန်နေချေပီ...
ခံစားနေရသမျှ ခနလေးမေ့လိုက်ရအောင်ဟုတွေးကာ စာအုပ်တွေသိမ်းနေလိုက်သည်... ကျောင်းမှာလဲ ကျောင်းသားတွေမရှိသလောက်ဖြစ်နေချေပီ... ကျောပိုးအိတ်ကိုလွယ်ကာ အခန်းပြင်သို့ ထွက်လာလိုက်တော့ မိုးရွာသံကိုကြားလိုက်ရသည်။ အပြင်ဘက်မှာသာ အတတ်နိုင်ဆုံးဘာမှမဖြစ်အောင်ထိန်းချုပ်ထားပေမဲ့ ဟီဂျင်းကိစ္စကြောင့် ရင်ဘတ်မှာ မျက်ရည်မိုးတွေကတအုံးအုံးနဲ့ရွာလို့နေခဲ့သည်... အခုတော့ သူငိုချင်နေသည်ကို မိုးကောင်းကင်ကသိနေသည့်အလား သူ့အစားငိုပေးလို့နေသည်။ စိတ်မပါသည့်အပြုံးတခုကိုပြုံးလိုက်ကာ လွယ်အိတ်ထဲအသင့်ပါလာသည့် ထီးကို ထုတ်လိုက်သည်....

ဒီလိုနဲ့ လျှောက်လာနေတုန်း Jake သူ့ရှေ့တွင်ဟီဂျင်းကိုတွေ့လိုက်ရသည်... မိုးရွာနေတာကြောင့် ကျောင်းအမိုးအောက်မှ မည်သို့မျှထွက်မရပေ...ဒါ့ကြောင့် မိုးတိတ်တဲ့အထိစောင့်နေတဲ့ပုံပင်... ဟီဂျင်းမှာ ထီးလဲပါလာပုံမရ... အခြေအနေက Jake ကူညီပေးမှ ဖြစ်တော့မည်။

သူမကိုမြင်နေရရင်ကို ဘယ်လောက်ပဲစိတ်ညစ်စရာတွေရှိရှိခနလောက်တော့မေ့မေ့ပျောက်ပျောက်ဖြစ်လို့နေသည်... ယခုလဲ ဟီဂျင်းကို အဝေးတနေရာမှရပ်ကြည့်ကာ Jake စိတ်လွတ်ကိုယ်လွတ်ပြုံးနေမိသည်... ဟီဂျင်းရဲ့ အခုပုံရိပ်လေးကို မြင်နေရတော့ အတိတ်တချိန်တုန်းက ယခုကဲ့သို့ဖြစ်ရပ်မျိုးလေးကို Jake သတိရမိသွားသည်။

အလယ်တန်းကျောင်သားအရွယ်တုန်းကပေါ့...Jake,
ဟီဂျင်းကို စတင်ရင်ခုန်ခဲ့ရတဲ့နေ့လေးမှာ နှစ်ယောက်သား ဖန်တီးမထားတဲ့ အခြေအနေတခုမှာ မထင်မှတ်ပဲတွေ့ခဲ့ရတဲ့အဖြစ်လေးတခုရှိခဲ့ဖူးသည်။
ဟီဂျင်းဆိုတဲ့ခလေးမလေးက အလယ်တန်းကျောင်းသားအရွယ်မှာ Jake တို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသူအသစ်ကလေးပေါ့...သူမက စလာတည်းက အလွဲလွဲအချော်ချော်နဲ့ရယ်ပါ... Jake တို့ရဲ့ စာသင်ခန်းကို အခန်းလွဲပီးဝင်ရောက်လာကာ အတန်းထဲက ကလေးတွေနဲ့မိတ်ဆက်လိုက်သေးသည်... ထိုနေ့မှာ Jake ဟီဂျင်းကို ပထမဆုံးသတိထားမိခဲ့သည် ဒါက ပထမအကြ်ိမ်။ ကျောင်းသူသစ်ဟီဂျင်းက ကျောင်းက ဖိုက်တာတစုနှင့် စကားများနေကြတာပင်...လူအုပ်ကြားထဲမှာ အသံတစာစာနှင့်ရန်တွေ့နေသော သူမကို Jake နောက်တခေါက်အနေဖြင့် သတိထားမိခဲ့သည်...တနေ့ထဲမှာ နေရာမတူပါဘဲ အမှတ်မထင်တွေ့နေမိတာ နှစ်ခါရှိပီ...သုံးကြိမ်သုံးခါမြောက်ခဲ့ရင် ဒါဟာရေစက်လို့သူကြားဖူးပါသည်...ဘာလို့မှန်းမသိ စိတ်က သုံးခါဆီသို့ရောက်ချင်နေမိသည်။
Jakeရဲ့စိတ်က တောင့်တတိုင်းဖြစ်လာသည်လို့ဆိုရမလား... ကျောင်းသူသစ်နဲ့ ထပ်မံတွေ့ဆုံခဲ့သည်... မိုးရေထဲကို လမ်းလျှောက်ဖို့ရန် တွန့်ဆုတ်နေတဲ့ ကောင်မလေးတယောက်ကို သူအာရုံစိုက်မိသည်...ထိုသူက မနက်က နှစ်ကြိမ်နှစ်ခါတွေ့ခဲ့သည့် ဟီဂျင်းဆိုတဲ့ကောင်မလေးပင်... စိတ်ကအရမ်းကူညီပေးချင်နေမိတာကြောင့် လက်ထဲအသင့်ကိုင်ထားတဲ့ ထီးကိုဖြန့်လိုက်သည်...ကျောင်းဆင်းခါနီးမိုးအရမ်းရွာလာတာကြောင့် Jakeမှာလဲ ထီးမပါလာတာမို့ lockerထဲမှ ဆောနူးရဲ့ထီးကိုယူဆောင်ခဲ့သည်...ဆောနူးကထိုနေ့ကနေမကောင်းလို့ကျောင်းမတက်ဖြစ်ပါ။
ဖြန့်ထားသောထီးကိုဆောင်းလိုက်ကာ ကျောင်းအင်္ကျီအပေါ်မှ ထပ်လျှက်ဝတ်ဆင်ထားသော Hoodie အနက်ရောင်က ခေါင်းစွပ်ကို ခေါင်းထိလုံအောင်ဆွဲဝတ်လိုက်ပီး ဟီဂျင်းအနားသို့ Jake ပြေးလျှက်သွားမိသည်။ ဟီဂျင်းနားသို့ရောက်တော့ သူမက Jake ကိုကြည့်လာသည်...သူမအကြည့်တွေကို အလျှင်အမြန်ရှောင်ဖယ်လိုက်ပီး Jakeလက်ထဲမှ ထီးကို ဟီဂျင်းလက်ထဲသို့အတင်းထည့်ပေးလိုက်ကာ Jakeကတော့ Hoodieခေါင်းစွပ်ကို တင်းမြဲစွာကိုင်၍ မိုးရွာကြီးထဲပြေးထွက်ခဲ့သည်...
ထိုမိုးရွာတဲ့နေ့လေးက Jake မှတ်ဉာဏ်ထဲမှာ စွဲနေအောင်မှတ်မိလို့နေတဲ့ အရာလေးတခု တနည်းအားဖြင့် Jakeရင်ခုန်သံတွေစတင်မွေးဖွားခဲ့တဲ့နေ့လေးမို့ သူအသေးစိတ်မှတ်မိနေတာဖြစ်ရမည်။

MY LIGHT [ Completed ]✅✅Where stories live. Discover now