Whatever You Are (16)

Start from the beginning
                                    

"ဖြစ်ပါ့မလား ငါ့ကို အဲလို ကြည့်နေကျသမားလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ"

"ထွက်ထားတဲ့ကားလေးတစ်ခုရှိတယ် သူက 18+ အသားပေးမဟုတ်ဘူး ဇာတ်လမ်းအသားပေးထဲမှာမှ 18+အခန်းတွေ ပါတာကွာ ဇာတ်လမ်းလည်းမဆိုးဘူး"

"ဘာကားတုန်း"

"A Frozen Flower ဆိုတဲ့ ကိုးရီးယားကား မသိမသာနဲ့ ပါတာကွာ ဇာတ်လမ်းသဘော အရ မို့ ဟိုလို 18+ပါတာဆိုတော့ မင်းအတွက် အဆင်ပြေလိမ့်မယ် ရိပေါ်"

သူငယ်ချင်းတွေ အကြံပေးတဲ့အတိုင်း လုပ်ဖို့ ရိပေါ်ဆုံးဖြတ်လိုက်ပါတယ် စုန့်ကျိရန်က ယုတ်တိရှိအောင် "ချက်ချင်းကြီး အဲဒီကား မပြသေးနဲ့ကွာ ညတိုင်း နှစ်ယောက်တည်း movie date program လေးလုပ်ရအောင်ဆိုပြီး တခြားactionတို့ comedy တို့ဘာတို့နဲ့ အရင် အစပျိုးထားလိုက်ကွာ ၄ရက်လောက်တူတူ ကြည့်ပြီးပြီဆိုမှာ ဇာတ်လမ်းကောင်းတယ်လို့ သူငယ်ချင်းတွေက ပြောတယ်ဆိုပြီး ကြည့်ကြကွာ "

"အေး မင်းပြေတဲ့အကြံမဆိုးဘူး"

"ငါတို့အကြံ အထမြောက်ပြီး ငါတို့ ရဲ့ လူပျိုတစ်ပိုင်းရိပေါ်ကြီး ဖြောင့်ဖြောင့်တန်းတန်း အမှန်အကန် အိုနိုင် ပါစေကွာ"

သူငယ်ချင်းတွေကိုပေးတဲ့အကြံအတိုင်း ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ တနေ့တာ ညပိုင်းအစီအစဉ်မှာ Home Movie Date Program လေးထည့်ထားတာ အခုဆိုရင် တစ်ပတ်တောင်ရှိပါပြီ သူငယ်ချင်းတွေထက်ပိုပြီး သဘာဝကျအောင် ခုချိန်ထိ သူတို့ပြောတဲ့ကား မကြည့်ရသေးပါဘူး စနေနေ့မှ ကြည့်ဖို့ ရိပေါ်က ရည်ရွယ်ထားတာ ဒါမှ နောက်ရက် တနင်္ဂနွေဆိုတော့ ရှောင်းကျန့် ရှောင်ပြေးလို့မရမှာ

ဒီနေ့က စနေနေ့ဆိုတော့ ရိပေါ် စိတ်လှုပ်ရှားနေပါပြီ ကိုယ့်ကိုကိုယ်လည်း အားတွေ ဖြည့်ထားတယ် ရှောင်းကျန့် မသိအောင် ကြက်ဥတွေ ဌက်ပျောသီးတွေ နွားနို့တွေလည်း တစ်ပတ်လည်း သေသေချာချာစား သေသေချာချာ သောက်ထားပါတယ် ဒါမှ စိတ်သွားတိုင်းကိုယ်ပါအောင်လို့ ဒိုက်ထိုးတာလည်း ရေချိုးခန်းထဲမှာ ခဏခဏ ကျင့်ထားတယ် ကဲ ဘာလိုသေးလဲ အစီအစဉ် အောင်မြင်ဖို့ပဲ ကျန်ပါတော့တယ်

Whatever You AreWhere stories live. Discover now