ကမ္ဘာပေါ်မှာ ကျွန်တော့်ကိုယ်ကျွန်တော်ထက်တောင် ပိုပြီး စိတ်ချမ်းပျော်ရွှင်စေချင်တဲ့သူက အကိုပါပဲ။ အဲ့သလောက်ထိကို အကို့အပေါ် မေတ္တာကြီးမားပါသည်။
"ဆေး သုတ်ထားတဲ့ဟာလည်း မဟုတ်ဘူး..."
"ဟင်..."
ကျွန်တော့်အပြောကို နားမလည်သလိုနဲ့ အကိုက ခေါင်းသုတ်ပေးနေရာမှ ရပ်ပြီး ကျွန်တော့်မျက်နှာအနားကို တိုးကပ်လာသည်။
"ဟို၊ ဟိုလေ...."
နီးကပ်လာတဲ့ အကို့မျက်နှာ၊ လာဗင်ဒါအနံ့ရောနေတဲ့ အကို့ရဲ့ကိုယ်သင်းရနံ့၊ ကျွန်တော့်စိတ်ကို အစိုးမရဖြစ်စေတဲ့ အကိုနဲ့နီးကပ်နေတယ်ဆိုတဲ့အသိတို့ကြောင့် ကျွန်တော်ရဲ့ အသိစိတ်တို့ဟာ လေဟာနှယ်ထဲ ပြန်ကျဲလို့ သွားတော့သည်။
"ကိုယ်ပြန်ဦးမယ်နော် သော်..."
နီးကပ်နေတဲ့ အနေအထားလေးကနေ ခွာပြီး ခြေလှမ်းအကျဲကြီးတွေနဲ့ ကျွန်တော့်အနားကနေ ထွက်ခွာသွားအကို။ အကို့နောက်ကျောပြင်ကိုကြည့်နေရင်း သတိပြန်ဝင်လာတော့ အကိုက အိမ်တံခါးဝဆီကို ရောက်လို့နေပြီ။ ဒါကြောင့် ချက်ချင်းပဲ...
"အကို..."ထိုင်ရာမှ မတ်တပ်ရပ်လိုက်ပြီး အကို့ပြန်ငဲ့လာမှာကို စောင့်နေရင်း....
"ကျွန်တော့်ကို ပေးတာက နောက်ထပ်တစ်ခုပေါ့နော်။"
အကို့ကျောပြင်ကိုပဲ ကြည့်နေရင်းရပ်နေပါတဲ့ ကျွန်တော်ဟာ အကို့အဖြေကြောင့် ခြေထောက်တို့ခွေယိုင်ညွှတ်ကျသွားချင်သည်။
"ဟိုဟာက အကွေးအတွက်လေ။ သော့်အတွက် ကိုယ် နောက်ထပ်တစ်ခု လုပ်ပေးထားတာပဲ။ အကွေးအတွက် လုပ်ပေးတဲ့အရာမှန်သမျှ အကွေးအတွက်ပဲဖြစ်ရမယ်လေ။ "
"ဘာဖြစ်လို့ ကျွန်တော်က၊...ကျွန်တော်က ဒုတိယဖြစ်ရတာလဲလို့ မေးရင်"
ဆက်မမေးဖြစ်တော့ပါ။ ကျွန်တော့်အသံတို့သည် လည်ပင်းဝမှာတင် တစ်စို့လို့နေပြီး မျက်လုံးမှ အရည်ကြည်တို့အဖြစ် ပြောင်းလဲသွားသည်ဟု ထင်မြင်ရပါသည်။
"ကိုယ်တို့ ဒီတိုင်းလေးပဲ ကျေနပ်လို့မရဘူးလား။ ကိုယ်တို့ ဒီလောက်အနေအထားလေးနဲ့ပဲ..."
![](https://img.wattpad.com/cover/286730935-288-k902578.jpg)
အပိုင်း (၄၁)
Start from the beginning