Whatever You Are (13)

Start from the beginning
                                    

" အချစ်ကလည်း ကျွန်တော့်ဘက်ကလည်း အတူတူပါပဲနော် မတူတာ က ကျွန်တော်က အချစ်ကို ခမ်းခမ်းနားနား လက်ထပ်ယူဖို့ အတွက် ကိုယ်တိုင် ရှာထားတဲ့ ပိုက်ဆံတွေ သေသေချာချာ စုထားတာပါနော် အခုအချစ်က အဲလို လက်ထပ်လို့ မရသေးဘူးဆိုလို့ ဖြစ်နိုင်ရင် ကျွန်တော်က တစ်လောကလုံး ကို အသိပေးပြီး အချစ်က ကျွန်တော့် အပိုင် ဆိုတာ ကို ကြေငြာထားချင်တာ"

"ဪ ပြောပြီးပြီးလေ ငါ့အသက် ၃၁နှစ်ပြည့်တဲ့အခါ မင်း သဘောထားတွေ မပြောင်းဘူးဆိုရင် တစ်လောက လုံးကို ကြေငြာပြီး လက်ထပ်ရဲတယ်ဆိုရင် ထပ်ပြီး ခမ်းခမ်းနားနား လက်ထပ်ကြမှာပေါ့"

"အချစ် အကျွေးအမွေးကရော"

"ကိုယ့်လူတွေပဲဆိုတော့ ဟိုတယ်ကို Home Service လိုက်ပေးဖို့ မှာထားပြီးပြီ တရားသူကြီးကိုတော့ တစ်ခြားမြို့က ငါ့ရှေ့နေခေါ်နေတဆင့် ချိတ်ထားတယ် င့ါကိစ္စတွေ အမြဲ တိုင်ပင်ပြီး လုပ်နေရတဲ့ ရှေ့နေက သေသေချာချာ ချိတ်ထားပေးတာ သူလည်းလာမှာ မနေ့ညကတည်းက ကျန်းချန်သွားကြိုထားပြီးသား သူတို့လည်း ဟိုတယ်မှာ ရောက်နေပြီးသား ဒီအသိုင်းအဝိုင်းက သူတွေကို မသိစေချင်တာမို့ ငါစီစဉ်ထားတာကို နားလည်ပေးမယ်မလား ရိပေါ်"

"ကိစ္စမရှိပါဘူး အဓိကက အချစ်နဲ့အတူနေရရင် ပြီးတာပဲ"

"ကျွန်တော့် အိတ်တွေ အချစ်အခန်းထဲ ထည့်လိုက်မယ်နော်"

"မထည့်နဲ ရိပေါ်"

"အချစ် ကျွန်တော် အခန်းခွဲမအိပ်ဘူး အတူတူ အိပ်မှာလို့ သဘောတူထားတာလေ"

" အိတ်တွေကို ငါ့အခု အခန်းထဲ မထည့်နဲ့လို့ပဲ ပြောတာလေ အခန်းခွဲအိပ်မယ် ဘယ်သူပြောလဲ လာခဲ့ အခန်းလိုက်ပြမယ်"

ပြောလည်းပြောပြီး ရှောင်းကျန့်က ရိပေါ်ကို အိမ်အပေါ် ထပ်က အခန်းတစ်ခန်းကို ခေါ်လာပါတယ် အရင် ကအဲဒီအခန်းက သော့ခပ်ထားတဲ့ အခန်းလေး အဲဒါကို ရှောင်းကျန့်က ဖွင့်ပြီး ပြပေးပါတယ်

"ဒန် ဒန် ဒန် ... ဒါက ငါတို့ နှစ်ယောက်ရဲ့ သီးသန့်အခန်းလေး ညတွင်းချင်း Home Decoration Service အပ်ပြီး ပြင်ဆင်လိုက်တာ "

Whatever You AreWhere stories live. Discover now