Yu Baizhou ပြောပြီးတဲ့ နောက်မှာ သူဘာကြောင့် ဒီအကြောင်း ပြောချင်တာလဲဆိုတာ နားမလည်ပေမယ့် He Yan ကို ပြောလိုက်သည်။ "အမ်၊ He Yan၊ နောင် ငါ့မှာ အချိန်မရှိလို့ မလာနိုင်ရင် အခု ငါတို့လုပ်နေတဲ့အတိုင်းပဲ ငါ မင်းကို ဖုန်းခေါ်မယ်။ အိုကေလား?"

He Yan: "အင်း"

Yu Baizhou က "မင်း မှတ်ထားနော်"

He Yan က ကတိပေးလိုက်သည်။ "ကိုယ်မှတ်ထားမှာပါ၊ အိုကေ"

ထိုအခါမှသာ Yu Baizhou လည်း နောက်ဆုတ်သွားတော့သည်။

ဖုန်းချလိုက်တော့ He Yan က ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ဖြစ်နေသည်။

တစ်ယောက်ဘေးမှာတစ်ယောက် အချိန်အတော်ကြာအောင်နေပြီးနောက်မှာတော့ သူ့ရဲ့ချစ်သူငယ်လေးက တစ်ခါတစ်ရံမှာ အသေးအမွှားကိစ္စလေးတွေနဲ့ ရုန်းကန်ရတတ်ကြောင်း တွေ့ခဲ့ရပေမယ့် ထိုအသေးအမွှားလေးတွေက အဓိပ္ပါယ်မရှိခဲ့တာတော့ မဟုတ်ပေ။ အကုန်လုံးက သူတို့ နှစ်ယောက် အကြောင်းနှင့် ပတ်သက်၍ပင်။

ဖုန်းချပြီး သိပ်မကြာခင်မှာပဲ He Yan ဘေးမှာ အရပ်ရှည်ရှည် အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ သူမက ဆိုလာသည်။ "ပရောဂျက်မန်နေဂျာ He ဥက္ကဋ္ဌ Yi က သူ့ကို ခဏစောင့်ခိုင်းထားပါတယ်။ သူ့ရုံးခန်းထဲမှာ စာရွက်စာတမ်းတွေကို ပြင်ဆင်နေတုန်းမလို့ပါ၊ ပြီးဖို့ မိနစ် ၃၀ လောက်ကြာလိမ့်မယ်။"

He Yan က ခေါင်းညိတ်ပြီး "အိုကေ" ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

အတွင်းရေးမှုးက သတင်းစကားကို ပေးပို့ပြီးနောက်၊ သူမသည် He Yan ကို တစ်ချက် ခေါင်းငုံ့နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။ ခြေလှမ်းနှစ်လှမ်းပြီးသည်နှင့် သူမက ခေါင်းကို အနည်းငယ် ပြန်လှည့်ကြည့်လိုက်ရင်း ထိုသခင်လေးက သာမာန်အထက်တန်းကျောင်းသားတစ်ယောက်၏ အရှိန်အဝါနှင့် အမှန်တကယ် ကွဲပြားသည်ဟု ထင်မိသည်။

အတွင်းရေးမှူ းထွက်သွားပြီးနောက် He Yan သည် နာရီကိုကြည့်လိုက်ပြီးနောက် ထိုအချိန်တွင် Yi Haixiang ကိုသွားရှာရန် ဆုံးဖြတ်လိုက်သည်။ ထိုသူလိုအပ်သည်ဟု ပြောသည့် နာရီဝက်အတွင်း လောလောဆယ် ဆယ်မိနစ်သာ ကျန်တော့သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now