Chapter 32

7.7K 1.5K 35
                                    


(Unicode)

ညနက်သွားချိန်တွင် Pan Yi က ချက်ပြုတ်နေရာက ထွက်လာပြီး တစ်နေရာက စကားပြောသံကို ကြားလိုက်ရသည်။ ဘယ်နေရာမှ ထွက်လာသည်ကို စူးစမ်းကြည့်တော့ He Yan ခုံပေါ်မှာ တင်ထားတဲ့ ဖုန်းက အသံဖြစ်တာကို တွေ့ရသည်။

ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း တစ်ဖက်က လူက အခြားသူများနှင့်အတူ စကားများနေသည့် Yu Baizhou ဖြစ်ကြောင်း သိလိုက်ရသည်။ နားထောင်ကြည့်လိုက်သည့်အခါ သူငယ်ချင်းတွေနှင့်အတူ ဂိမ်းဆာ့နေသည်နှင့် တူသည်။

He Yan က သူတို့ဖုန်းပြောပြီး ချဖို့ မေ့သွားသည်မှန်း မှန်းဆမိသည်။ ဖုန်းရှိရာ လျှောက်သွားလိုက်ပြီး ပိတ်လိုက်မလို့ လုပ်တဲ့အချိန်မှာ တစ်ဖက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလာတာကို ကြားလိုက်ရသည်။

"သေချာနားထောင်။ ဒီ Ge က single ဘဲ"

ဖုန်းချတော့မည့် Pan Yi: "..."

အဲ့ဒီတော့ အခုနောက်ပိုင်း တစ်ကိုယ်တည်းသမားတွေက မြောက်ကြွကြွ ဖြစ်လာပြီပေါ့ ဟုတ်လား။

သူအခု Yu Baizhou ကို ရှင်းပြချင်နေသည့် အကြောင်းပြချက် သန်းပေါင်းများစွာရှိသည်။

Pan Yi ခေါင်းခါလိုက်ပြီး ဖုန်းချတော့မယ့် အချိန်မှာဘဲ လှည့်ကြည့်မိလိုက်သောအခါ He Yan က သူ့နောက်မှာ လောလောလတ်လတ် ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်နဲ့ ရပ်နေတာကို တွေ့ရသည်။

Pan Yi က He Yan ကို ပြောလိုက်သည်။
"မင်းဖုန်းချဖို့ မေ့သွားတယ်ထင်တယ်။ ငါချလိုက်တော့မလို့ဘဲ"

He Yan က "အင်း" လို့ဘဲ ပြန်ဖြေပြီး စားပွဲပေါ်က ဖုန်းကို ယူလိုက်ပြီး တစ်ခါတည်း တန်းချလိုက်တော့သည်။ သူ့မျက်နှာပေါ်က အမူအရာက ကောင်းလှသည် မဟုတ်ချေ။

Pan Yi က သူ့နေရာကို ပြန်သွားသည်။ နဂိုမူလဒီဇိုင်းပုံစံတစ်ခုကို ပြင်နေချိန် He Yan မျက်နှာက စိတ်မပါသလို ဖြစ်နေတာကြောင့် မေးလိုက်သည်။
"Yan Ge ဘာဖြစ်လို့လဲ"

He Yan မျက်နှာထားက အေးစက်စက် ဖြစ်နေသည်။
"ဘာမှမဖြစ်ဘူး"

He Yan ပါးစပ်ကသာ ဘာမှမဖြစ်ဘူး ပြောပေမယ့် He Yan စိတ်ကို သေချာနားလည်တဲ့ Pan Yi က သူ ဒီလိုဖြစ်နေတာ သူ့စိတ်ထဲတစ်ခုခု ဖြစ်နေမှန်း သေချာပေါက်သိသည်။ ပြီးတော့ အဲ့ဒီ 'တစ်ခုခု'ကလည်း တော်တော်ကြီးသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now