Chapter 21

8.1K 1.5K 22
                                    


(Unicode)

(Zawgyi)

Yu Baizhou သူ့ပန်းကန်ကို ယူလိုက်ပြီး ကြမ်းပြင်ပေါ်က လူကို သိပ်ဂရုမစိုက်ဟန် တစ်ချက်ကြည့်လိုက်ကာ Tu Gaoming နဲ့ Che Cong တို့နဲ့အတူ ထွက်သွားသည်။

He Yan မျက်လုံးတွေက Yu Baizhou ကျောကို စိတ်ခံစားချက်အချို့ပါတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေသည်။

ကန်တင်းက ထွက်လာပြီး Tu Gaoming က အတွေးများနေဆဲပင်။
"ဘော့စ် ခု ဘယ်သူ့ကို ရန်စွလိုက်တာလဲသိလား"

Yu Baizhou က ခဏတွေးရင်း ပြန်ဖြေသည်။
"ငါသိတယ်"

အေမြို့တော်ရှိ အချမ်းသာဆုံးလူ Yi Haixiang ၏ တစ်ဦးတည်းသောသား Yi Tian ပင်။

ပါးစပ်က ပြောသည့်အခါ တစ်ဦးတည်းသောသား ဆိုသည်က ရယ်ချင်စရာဖြစ်သော်လည်း Yi Tian က Yi Haixing ၏ တစ်ဦးတည်းသောသားတော့ မဟုတ်ပေ။ Yi Haixing တွင် တရားမဝင် သားတစ်ယောက်ရှိပြီး ထိုသူက He Yan ပင်ဖြစ်သည်။

ငယ်ရွယ်စဉ်က Yi Haixing သည် သစ္စာမရှိသော ယောက်ျားမျိုး ဖြစ်ခဲ့သည်။ He Rou နှင့်မြင်မြင်ချင်း ချစ်ခဲ့သည်။ ထိုအချိန် He Rou က အလွန်ငယ်ရွယ်ခဲ့သည့် အချိန်တွင် ဖြစ်သည်။ He Rou က Yi Haixing ကို ငယ်ရွယ်ထက်မြက်သည့် စီးပွားရေးသမားတစ်ဦး အဖြစ်သာ သိခဲ့ပြီး ရှုပ်ပွေသည့် ဂုဏ်သတင်းကို မကြားသိခဲ့ပေ။ အချစ်ဆိုသည်က လူနှစ်ဦးလုံး၏ အပြုအမူများမှ ပေါက်ဖွားလာခြင်းပေ။

သို့သော် He Rou မသိခဲ့သည်က Yi Haixing က သူမနှင့် တွဲနေစဉ် နောက်ကွယ်တွင် အခြားမိန်းမတစ်ယောက်နှင့် လက်ထက်ရန် ကတိပြုခဲ့ပြီးပြီ။

အချိန်ခဏကြာ သူတို့ပျော်ရွှင်စွာ နေခဲ့ကြသည်။ ဤသည်က Yi Haixing ၏ လက်ထပ်ပါတနာ Yuan Qin က သူတို့ဆီ မရောက်လာခင်အထိပင်။

Yuan Qin က သူမနှင့် Yi Haixing က လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးပြီးသားဟု လိမ်ညာကာ He Rou က သူတို့လက်ထပ်မှုတွင် တတိယလူဖြစ်ကြောင်း သွယ်ဝိုက်ပြောဆိုခဲ့သည်။

He Rou က တစ်ပါးသူအိမ်ထောင်ကို မဖျက်ဆီးလိုသည့်အပြင် Yi Haixing ၏ ရှုပ်ထွေးပွေလီမှုကိုလည်း စက်ဆုပ်ရွံရှာလာသည့်အတွက် Yuan Qin ၏ တွန်းအားပေးမှုနှင့် အကူအညီဖြင့် Yi Haixing က ကလေးတစ်ယောက်ရှိလာတော့မည်ကို ဖုံးကွယ်ကာ Yi Haixing နှင့်လမ်းခွဲပြီး မိမိသရုပ်မှန်ကို ပြောင်းလဲခဲ့သည်။ မထွက်သွားခင်တွင်လည်း မိမိကို Yu Haixing က ထပ်လာမရှာစေရန် ပြင်းထန်သော စကားများ ပြောခဲ့သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now