Chapter 10

9.2K 1.5K 35
                                    

(Unicode)

Yu Baizhou စိတ်ထဲမှာ တွေးနေသည်။ He Yan က ပေါင်မုန့်ကို လက်ခံလိုက်သည့်သဘောမှာ သူ၏ ချဉ်းကပ်မှု အောင်မြင်သည့်သဘောပင်။ ပေါင်မုန့်ပို့ခြင်းက သူ့ကို ပိုနှစ်သက်လာစေလျှင် He Yan စား၍ရိုးသွားသည်အထိ ပေါင်မုန့်ကို ဆက်ပို့ရမည်။

ကျစ် Yu Baizhou သက်ပြင်းချလိုက်သည်။ strategy ဂိမ်းကစားရသည့် နည်းလမ်းများအတိုင်းပင်။

Yu Baizhou က ထိုစိတ်ကူးကို ရသော်လည်း သူကိုယ်တိုင်လုပ်ရန် အချိန်မရ။ ထို့ကြောင့် အိမ်ဖော်အန်တီကြီးကိုသာ နေ့တိုင်း စတော်ဘယ်ရီခရင်မ်ပေါင်မုန့်လုပ်ခိုင်းကာ He Yan ကို ကျောင်းတွင် ပေးရတော့မည်။

Fu Xia က သူ့ကို တစ်ခါတစ်လေ ကောင်မလေးထားရန် ခက်ခဲသည့်အကြောင်း ပြောကာ သူ့ကိုစသည်။ ပေါင်မုန့်အပြင် နို့တစ်ပုလင်းပါ နေ့တိုင်း အတူယူသွားသည်။

Yu Baizhou က စိတ်ထဲတွင် နို့က မိမိဘာသာ သောက်ရန်ဖြစ်ကြောင်း ပြောမိသည်။

သို့သော် အချိန်တိုင်း Yu Baizhou မိမိစိတ်ကိုမိမိ မရှင်းပြတတ်ဘဲ သူက အသားပါးသောကြောင့် မျက်နှာနီလျက် အိမ်မှ အမြဲထွက်လာရတော့သည်။

Yu Chen က စီးပွားရေးကိစ္စအတွက် အလုပ်ခရီးထွက်သွားသည်ဖြစ်၍ ဖုန်းထဲမှတစ်ဆင့် Fu Xia က ထိုကးအကြောင်းကို ပြောသောအခါ Yu Chen က ချက်ချင်းပင် ပြန်ပြောတော့သည်။
" ငါ့ကို ကောင်မလေးလိပ်စာနဲ့ အချက်အလက်တွေ ပို့ပေး။ ဘယ်ကောင်မလေးက သူ့ကို ဒီလိုရူးရူးမူးမူး ကြိုက်စေတာလဲဆိုတာ ငါသိချင်တယ်။ သူ့အဆင့်တွေက ဟိုးအောက်ကို ရောက်နေပြီ! အဲ့ဒါကို သူက ရည်းစားထားချင်သေးတယ်! သူ့ကိုယ်သူ ကျေနပ်နေပြီလား အခုတော့ သေဖို့လုပ်နေပြီ"

Fu Xia က ဖုန်းကို နားနဲ့ ခွာလိုက်ပြီး ကော်ဖီသောက်ရင်းနဲ့ သာမန်ကာလျှံကာ ပြန်ပြောလိုက်တယ်။
"Xiao Zhou က စာကြိုးစားတော့မယ်ပြောတာဘဲ။ သူ့ကို ဒီအကြိမ် မယုံပေးနိုင်ဘူးလား။ တစ်ဖက်လူက ဘယ်သူလဲ ငါမသိပေမယ့် အဲ့သူက စာလုပ်တဲ့သူ မဖြစ်နိုင်ဘူးလား။ သူသာ ဒီလိုမိန်းကလေးမျိးကို စိတ်ဝင်စားရင် စာလုပ်တဲ့အခါ စိတ်ဝင်စားမှုလည်း တိုးလာနိုင်တာဘဲ။ ငါကတော့ ကြားမဝင်ချင်ဘူး"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now