"ဒီစက်ဘီးက...အကိုကြီး၊ အယ် !!!"
အကိုကြီးမဟုတ်လားလို့ မေးဖို့ရန် လှည့်ကြည့်လိုက်တော့ မြင်လိုက်ရသည့် တကယ့်အကိုကြီး။ စာအုပ်ထဲကနေ ခုန်ထွက်လာသလားလို့တောင် အောက်မေ့ရပါသည်။ အမြဲရှိနေတတ်တဲ့ အကိုကြီးမျက်နှာက ထည်ဝါဝင့်ကြွားနေသည့်ဟန်တို့က သိမ့်သိမ့်ရေးဆွဲထားသော ဇာတ်ကောင်၏မျက်နှာတွင် အတိုင်းသားမြင်နေရသည်။
"မနက်စာ လာစားတာလား ညီမတို့။"
"ဟုတ် ၊ ဟုတ်ကဲ့.."
ကြည့်လက်စ စာအုပ်ကို အမြန်ပိတ်ပြီး အသံတွေတောင်တုန်ချင်နေသည်။ ဒီစာအုပ်ကိုရေးဆွဲတဲ့ သူက ပန်းသွဲ့ကိုယ်တိုင်မဟုတ်သော်လည်း ဒီစာအုပ်ကို ရောင်နီဝန်းမြင်သွားမှာ သူမ သိပ်စိုးရိမ်နေသည်။
"မှာပေးရမလား.."
"ရတယ် အောင်၊ ငါတို့က မှာပြီးသွားပြီ။"
"ဒါဆို အကို ဘာစားမလဲ။"
"သော်...နေပါ။ ကိုယ်သွားမှာမယ်။
တို့ဟူးနွေးစားမှာမလား။""ဟုတ်!!"
လိမ္မာတဲ့ ကလေးတစ်ယောက်လိုပင် ခေါင်းငြိမ့်ပြတော့ အဝန်းမျက်နှာမှာ အလိုလိုပင် အပြုံးတို့က ချိတ်ဆွဲလာတော့သည်။ ပြီးနောက် ဦးနှောက်၏ ဆုံးဖြတ်မှုတို့ကို မစောင့်တော့ပဲ အလိုအလျောက်တုန့်ပြန်မှုကဲ့သို့ပင် အဝန်း၏လက်ချောင်းတို့က သော့်ဆံပင်တွေထဲကို တိုးဝင်လေတော့သည်။
ဒီအပြုအမူကို စန္ဒသော်ကအောင်ကလည်း သဘောကျမဆုံးဖြစ်ကာ အဝန်းမျက်နှာကို ကြည်နူးပြုံးရွှင်မှုအပြည့်နှင့် ကြည့်လေသည်။
"အောင်..."
ရောင်နီဝန်းသည် စားပွဲကနေ ထွက်သွားပြီးဖြစ်သော်လည်း စားပွဲမှာထိုင်နေပါတဲ့ စန္ဒသော်ကအောင်သည် အစောကတိုင်းပင် ကြည်နူးမပျက်သေး။ သူ့အကို၏ ပုံရိပ်တို့ကို ငေးလို့မဆုံးသေး။
"ဟမ် !"
"မမနွဲ့တို့အိမ် လိုက်ဦးမလား။"
"မလိုက်တော့ပါဘူး။ နင်တို့က ဘာသွားလုပ်ကြမလို့လဲ။ အတန်းချိန်ကြီး သွားမလို့လား။"
အပိုင်း (၄၀)
Start from the beginning