Chapter 2 ( U+Z )

Start from the beginning
                                    

"ဘုန်း .."

နံရံမှာ ကပ်လိုက်တော့ ဒီကောင်လေးက မျက်လုံးလေးပေကလပ် ပေကလပ်နဲ့ ကြည့်ရှာတယ်။

ကျွန်တော့်ကို ရုန်းမရအောင်ချည်ဖို့ ကြိုးစားနေခဲ့တဲ့သူ့မျက်လုံး ပြာပြာလေး။

"တနေကုန် ကိုယ့် ကိုရှောင်နေတာလား"

"စွပ်စွဲနေတာလား"

မေးခွန်းမေးတဲ့သူက ကျွန်တော်ပါ။

ဒါတောင်ဒီကောင်လေးက ကျွန်တော့်ကိုထပ်ပြီးမေးခွန်းထုတ်နေတယ်။

"က်ိုယ်မင်းကိုတနေကုန်လိုက်ရှာနေတယ်ဆိုတာမင်းမသိဘူးလား"

"မသိဘူး"

"Park Jimin"

"ပြော"

ဒီကောင်လေး ကျွန်တော့်ဒေါသကိုလာဆွနေတာများလား။

"ဖုန်းပေး"

"ဘာဖုန်း"

"မင်းဖုန်း"

"မရှိဘူး"

"ပေး"

ကျွန်တော်မသိတော့ဘူး။ ဒီကောင်လေးရဲ့ ဘောင်းဘီအိတ်ကပ် က အစ အင်္ကျီအိတ်ကပ်အဆုံး လွယ်အိတ်တွေပါမကျန် အကုန်လိုက်ရှာနေမိတယ်။

ကျွန်တော် သူ့ဖုန်းနံပါတ်ကိုလိုချင်ရုံပါ။

"ဒီမှာ မင်းငါ့ကို အကြမ်းဖက်နေ‌တာလား Min Yoongi"

သူက လွယ်အိတ်ကို ပစ်ချလိုက်ပြီး ကျွန်တော့်ခါးနှစ်ဖက်ကို သူ့လက်သေးသေးလေးတွေနဲ့ ဆုပ်ကိုင်လာတယ်။

ကျွန်တော်ငူငူငိုင်ငိုင်နဲ့ သူ့ကို စိုက်ကြည့်မိတော့ ဒီကောင်လေးကျွန်တော့်ကို မျက်လုံးပြာပြာလေးတွေပိတ်တဲ့ အထိပြုံးပြတယ်။

ကျွန်တော်သူ့ အပြုအမူတွေမှာ နစ်မွန်းနေပြီးသားလူတစ်ယောက်ပါ။သူ ဒီလိူ ထပ်ပြီးပြုစားနေဖို့လိုလို့လား။

ချက်ချင်းဆိုသလို သူ့ လက်ချောင်းသေးသေးလေးက ကျွန်တော့်နှာခေါင်းထိပ်ကို ခပ်ဖွဖွတို့ထိလာတယ်။

"ရော့ ...ငါ့ဖုန်း"

သူ့လက်သေးသေးလေးတွေကိုပြန်လည်ရုတ်သိမ်းပြီး နံရံမှာ ပြန်လည်မှီကာ ဘောင်းဘီအိတ်ကပ်ထဲ လက်တွေ ထည့်ထားလိုက်တယ်။

Strawberries And Cigarettes ( U+Z )Where stories live. Discover now