Shun : "...." တကယ် မရှိတော့ဘူးလေ .. ခွေးကောင်ရဲ့
ဒီတစ်ခါတော့ မှန်သွားပြီ ..
***
Shun က တောစပ်နားတွင်ရှိသော အဆောက်အအုံကြီးအား မော့ကြည့်လိုက်သည် ။ ဂေဟာ၏ အထောက်အပံ့က အနည်းငယ်သာ ရှိသည် ။ သူတို့က အသက်ရှင်နိုင်ရုံဆိုသည်မျှသာ ။ သူက ဒီနေရာကထွက်သွားဖို့ ဆုံးဖြတ်ပြီးသွားပြီဖြစ်သဖြင့် ဘာမှတွေဝေနေစရာမရှိပေ ။
" နောက်တစ်နှစ်နေမှ သွားလို့ရမယ် .. ဒါက စည်းမျဉ်းဘဲ " ဂေဟာပိုင်ရှင် မိန်းမကြီး၏ စကားက သူ့အား မျက်လုံးများ ကျဉ်းမြောင်းသွားစေသည် ။ သူထွက်သွားလျှင် တစ်ယောက်စာ ဝန်ထုပ်ဝန်ပိုး လျော့သည် မဟုတ်ပါလား ။ ဘာအကြောင်းကြောင့် တားနေရသလဲ ။ သူက နားလည်သည်ဟု ပြန်ပြောလိုက်ပြီး ထွက်လာခဲ့သည် ။
ဘုတ်!
" ဟေး .. Shun .. အစားအသောက်စီစဉ်ဖို့ တာဝန်ကျတယ်လေ .. မင်းကို လိုက်ရှာနေတာ .." Andoshi သည် သူဝင်တိုက်မိသည့်သူက Shun မှန်းသိလိုက်ကာ ပုခုံးအား ပုတ်လိုက်သည် ။
" ဂေဟာက ထွက်သွားတဲ့သူတွေ ဒီကို ပြန်လာကြသေးလား " Shun က မီးဖိုချောင်ထဲတွင် နံရံအား မှီလိုက်ပြီး မေးလိုက်သည် ။ Andoshi ၏ လှုပ်ရှားမှုများက ခနရပ်သွားပြီး စဉ်းစားနေသည့်ဟန် ခေါင်းစောင်းလိုက်သည် ။ " အတိအကျတော့ မသိဘူး .. ဒါပေမဲ့ .. ငါတော့ တစ်ခါမှ မတွေ့ဖူးဘူး "
Andoshi သည် လုပ်လက်စများအား ပစ်ချလိုက်ပြီး Shun ထံသို့ ခါးထောက်လျက်လာခဲ့ကာ လေသံမာမာဖြင့် " အဲ့ဒါထက် .. မင်းက လာမကူညီဘဲနဲ့  အဲ့မှာ ဘာလုပ်နေတာလဲ!!! "
Shun က တောင်ကြည့်မြောက်ကြည့်လုပ်လိုက်ပြီး ပုခုံးတွန့်လိုက်သည် ။ " ငါ မချက်တတ်ဘူးလေ "
Andoshi -
အကြိုက်ဆုံးအစားအစာ - Shunချက်သည့်ဟင်းခွက်များ !!!
" လိမ်မနေနဲ့ အရူးကောင်ရဲ့ !!! "
Shun : ".." ငါ နားရွက်ဆွဲခံရပြီး ဟင်းအတင်းချက်ခိုင်းခံရမယ်လို့ တစ်ခါမှ မတွေးဖူးဘူး ..
***
ညနေစာစားပြီးချိန်တွင် Andoshi သည် ဂေဟာမှူး၏ အခန်းထဲမှ ငိုကြွေးချင်‌နေသည့် အမှုအရာဖြင့် ထွက်လာခဲ့သည်။ ဟင်းများက စားလို့မရလောက်အောင် မဟုတ်သော်လည်း အတော်လေးဆိုးရွားနေခဲ့သည် မဟုတ်ပါလား ။ သူက အင်္ကျီလက်မောင်းကိုပင့်လိုက်ပြီး ငပျင်းကောင်အား ရိုက်နှက်ရန် လိုက်ရှာတော့သည် ။ 