တဖက်တွင် Shun ၏ အမှုအရာက မည်းမှောင်နေသည် ။ တိတ်ဆိတ်ပြီး ကြောက်တတ်သည့် Shun တွင် ဒီလောက် စကားများသည့် သူငယ်ချင်း ပိုင်ဆိုင်ထားလိမ့်မည်ဟု တွေးပင်မတွေးထားခဲ့ပေ ။
" အရူး!! မင်း မင်း ကြည့်ကောင်းသွားတာနဲ့ ငါက မင်းကို မရိုက်နှက်ဘူးလို့ မဆိုလိုဘူး .. အဲ့တောထဲကို မသွားဖို့ ငါမပြောဘူးလား .. ဟမ် .. အရူးကောင် "
" ဟမ့် .. သူက Regis Sama ကို တွေ့ဖို့ အစီအစဉ်နဲ့ သွားတာနေမှာပေါ့ .. ဒီလောက် အန္တရယ်များတဲ့နေရာကို .." အထင်တသေးပြောလာသည့် လူငယ်အား Shun က လှည့်ကြည့်လိုက်သည် ။ Zen ! သူ့အား သတိပေးသည့် သူပင် ။ Loyar ၏ အကြီးစား fan ဟုလဲ ဆိုနိုင်သည် ။
သူက စိတ်ထဲမှ လက်မအကြီးကြီးထောင်ပြလိုက်သည် ။ အမှန်ဘဲလေ .. Shun က အဲ့နေရာကိုသွားတာ Regis နဲ့ ထပ်တွေ့မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ဘဲ ..
" တော်တော့ .. နောက်နှစ်‌ဆိုရင် မင်းတို့ ဂေဟာမှာ နေလို့မရတော့ဘူး .. အနာဂတ်အတွက် မစဉ်းစားဘဲ ရန်ဖြစ်မနေကြနဲ့ .." နောက်ဆုံးတွင် မာစတာက မနေနိုင်တော့ဘဲ ဝင်ပြောရတော့သည် ။
ဂေဟာတွင် အသက် ၁၄ နှစ်အောက်ကလေးများသာ နေထိုင်နိုင်သည် ။ ၁၄ နှစ်ပြည့်သည်နဲ့ သူတို့က ထွက်မသွားချင်လည်း ထွက်သွားရတာပင် ။ ၁၄ နှစ်ဆိုသည်က ဒီကမ္ဘာတွင် အရွယ်ရောက်သည်ဟု သတ်မှတ်ခံထားရသောကြောင့် ။ Zen ကိုကြည့်ပါက သူရောက်ရောက်ချင်း အသက်နှစ်ဆယ်ဟု ထင်မှတ်ခဲ့သည် ။ တကယ်တမ်း ထိုသူက ၁၃ နှစ်သာ ရှိနေသည် ။
အကုန်လုံးတိတ်သွားသည့်တိုင် Shun ဘေးနားက တစ်ယောက်သည်တော့ သူ့အား ပေါက်ပေါက်ဖောက်၍ မပြီးနိုင်ပေ ။ သူက အရင်ကမ္ဘာတွေအစား ဒီမှာ အကုန်ဆဲခံနေရသည်ဟုပင် ခံစားမိလိုက်သည် ။ သို့သော် တဖက်လူ၏ စိုးရိမ်မှုကို သိနေ‌သောကြောင့် သူက မကြားချင်ယောင်သာ ဆောင်ထားလိုက်သည် ။
" Shun .. အရူးကောင် "
နားတွင် ထပ်ခါထပ်ခါကြားနေရချိန် သူက မနေနိုင်တော့ပေ ။ ပု‌ပုသေးသေးအကောင်၏ ခေါင်းအား ဆုပ်ကိုင်ကာ " တိတ်တိတ်နေစမ်း ! Andoshi ငါ သတ်မိလိမ့်မယ် "
သို့သော် သူပြောလိုက်သည်နဲ့ ပိုဆိုးသွားလိမ့်မည်ဟု မည်သူထင်ပါမည်နည်း ။ ထိုအကောင်က သူ့အင်္ကျီစအား ဆွဲယမ်းလျက် ငိုကြွေးတော့သည် ။ " ငါ့ရဲ့ ချစ်စရာကောင်းတဲ့  Shun လေး မရှိတော့ဘူး .. ငါ့ရဲ့ Shun လေး "