𝖤𝗉𝗂𝗌𝗈𝖽𝖾 - 1

Start from the beginning
                                    

လူနာဒေါ် လေးသည် သမီးတစ်ယောက်သာရှိသည့် မုဆိုးမဖြစ်သည်။ အမေ့ရဲ့ဝေယာဝစ္စကို မငြီးမငြူလုပ်ပေးသည့်သမီးဖြစ်သူကိုလည်း သူအကြိမ်ကြိမ်တွေ့ဖူးခဲ့၍မျက်မှန်းတန်းမိနေပြီဖြစ်သည်။ သားအမိနှစ်ယောက်လုံးက သဘောကောင်း၊ စေတနာကောင်းသော်လည်း ဒေါ်လေး၏ဝေဒနာကတော့ ပြင်းထန်လွန်းခဲ့သည်။

"ဒေါ်လေး၊ ဘယ်နားအဆင်မပြေတာရှိလို့လဲ"

အမေးစကားတစ်ခွန်းနှင့်အတူ ဟိုဆော့ နှလုံးခုန်တိုင်းစက်ဆီသို့ မျက်လုံးဝေ့ကြည့်လိုက်သည်။ စက်ပေါ်မှ ပုံမှန်သွေးခုန်နှုန်းနှင့် ‌သွေးပေါင်ချိန်သည် သူ့အတွက် စိတ်ပူစရာမရှိသေး။

"သွေးခုန်နှုန်းလည်း ပုံမှန်ပါပဲ"

"ဒေါက်တာ့ကိုကျေးဇူးတင်ချင်လို့ပါ။ ဒေါက်တာ့ကျေးဇူးကြောင့် အခုလိုသက်သာလာရတာ။ ဒေါက်တာတို့ကို တကယ်ကိုကျေးဇူးတင်ပါတယ်"

ဒေါ်‌လေးသည့် သူ့လက်တစ်ဖက်ကိုဖမ်းဆုပ်ထားလျက် မျက်ရည်များဝဲလာသည်အထိ သူ့ကိုကျေးဇူးတင်စကားပြောလာသည်။ ဒေါ်လေး၏လက်ပေါ်သို့ ဟိုဆော့ ကျန်လက်တစ်ဖက်ဖြင့် ပြန်ပြီးအုပ်ကိုင်လိုက်ချိန် ဝမ်းသာကြည်နူးမှုသည် ဟိုဆော့၏သွေးကြောများတစ်လျှောက်ဖြတ်သန်းစီးဆင်းသွားသည်။

"မလိုပါဘူးဗျာ။ ဒါကကျွန်တော်တို့အလုပ်ပါ။ အမှန်ဆို ဒီလိုခွဲစိတ်မှုမျိုးကိုခံနိုင်ရည်ရှိရှိနဲ့ကျော်ဖြတ်နိုင်ခဲ့တဲ့ ဒေါ်လေးအတွက်သာ ကျွန်တော်တို့ကဝမ်းသာနေရတာပါ"

ဒေါ်လေးသည် နဂိုရှိနှင့်ပြီးသား အရေးကြောင်းများပိုမိုထင်းလာသည်အထိ နူးညံ့စွာ ပြုံးသည်။ ထိုအပြုံးသည် အေးချမ်းလွန်းသည်။ လောလောလတ်လတ်ဝေဒနာကြောင့် ခွဲစိတ်မှုခံယူထားသည့် လူပမာတစ်ယောက်နှင့်မတူ။ တည်ငြိမ်ရင့်ကျက်လွန်းသည်။ တစ်ဆက်တည်း လွမ်းနေရသည့် မိခင်ဖြစ်သူ၏‌အပြုံးမျိုးကို ပြန်မြင်လိုက်ရသလိုပင် ဟိုဆော့ရင်ထဲနွေးသွားသည်။

အမှန်ပင် ထိုသို့သောလူနာများအတွက် သူတို့ဝမ်းသာရမြဲဖြစ်သည်။ နာရီပေါင်းများစွာကြာသည့်အပြင် ဦးနှောက်ပိုင်းဆိုင်ရာခွဲစိတ်မှုဖြစ်သည်ကြောင့် တခြားသောအစိတ်အပိုင်းများထက် အန္တရာယ်များလွန်းသည်။ အသေးစိတ်အချက်လေးကအစ အမှားမရှိအောင် သူတို့အထူးဂရုစိုက်ခဲ့ရသည်။ ယခုခွဲစိတ်မှုသည် ကြီးမားလွန်းသည်မဟုတ်သော်လည်း ဟိုဆော့အတွက်‌တော့ လူနာတိုင်းကိုစိုးရိမ်နေတတ်မြဲပင်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now