Mary ခေါင်းညိတ်ပြလိုက်သည်။

Jayceက ဆက်လက်ပြီး "Monroeက မင်းကို သူ့အိမ်မှာနေခိုင်းထားပေမယ့် မင်း မတော်တဆဖြစ်လုနီးပါးပဲ။ မင်းတကယ်တစ်ခုခုဖြစ်သွားခဲ့ရင် Diana ရင်ကွဲလိမ့်မယ်။"

Jayce၏စကားတွင် ဒေါသအရိပ်အမြွက်ကို Maryကြားလိုက်သည်။ သူမက "အစ်ကိုကော ဘယ်လိုလဲ။ ရင်ကွဲမှာလား"

Jayce ခဏလောက် အံ့အားသင့်သွားပြီးနောက် အနည်းငယ် ပြုံးလိုက်မိသည်။ "ဒါပေါ့ little Mary"

Griffithက တခြားနိုင်ငံမှာ ဖျော်ဖြေဖို့သွားခဲ့ပြီး Hughက အိမ်မှာ အထီးကျန်နေတာကြောင့် သူတို့နှစ်ယောက် Maryဆီကို မလာခဲ့ဘူး။

နောက်ရက်အနည်းငယ်တွင် Monroeသည် ဥရောပသို့ အလုပ်ကိစ္စဖြင့်သွားသော်လည်း Jayceက Maryထံသို့ နေ့တိုင်းနီးပါး လာခဲ့သည်။

မကြာခင်မှာပဲ ဆေးရုံက ဆင်းဖို့ အချိန်ရောက်ပြီ။

Monroe ပြန်ရောက်မလာသေး။ ကြည့်ရတာတစ်စုံတစ်ခုက သူ့ကို စိတ်အနှောင့်အယှက်ပေးပုံရသည်။

Jayceသည် Maryကို သူ့အိမ်သို့ တိုက်ရိုက်ပြန်ခေါ်သွားသည်။

Jayce၏အိမ်သည် Monroeရဲ့ရဲတိုက်၊ Hallအိမ်လောက် ကျယ်သည်မဟုတ်သော်လည်း Maryကို အထင်ကြီးစေရန်လုံလောက်သည်။

၎င်းသည် စတုရန်းပေ၁၀၀၀ကျယ်ဝန်းသော ဥယျာဉ်၊ မြက်ခင်းကျယ်နှင့် ရေကူးကန်ပါရှိသော ခေတ်မီ ဗီလာကြီးတစ်ခုဖြစ်သည်။ ၎င်းသည် ဓနရှင်တွေကြီးစိုးတဲ့New Yorkမြို့ရဲ့ထိပ်မှာရှိသည်။

Jayceသည် Maryကို ဒုတိယထပ်ရှိ အရှေ့ဆုံးခန်းသို့ ခေါ်သွားခဲ့သည်။

အခန်းက ကျယ်တယ်၊ တောက်ပပြီး သန့်ရှင်းနေတယ်။

Maryက အရမ်းကြိုက်တယ်။ ဘာလို့လဲဆိုတော့ နောက်တစ်ကြိမ် တစ်လလောက်နေဖို့လာတဲ့ခါ ဒီမှာနေရမယ်လို့ Jayceက ပြောခဲ့တာကြောင့်။

တကယ်တော့ ဒီအခန်းက အနာဂတ်ကျ သူမဟာဖြစ်မှာ။

Maryက အရမ်းစိတ်လှုပ်ရှားနေတယ်။ မအောင့်နိုင်တော့ပဲ Jayceရှေ့မှာတင် ကုတင်ပေါ် ခုန်တက်ပြီး စောင်အောက်မှာ လိမ့်ပြီး လှဲလိုက်တယ်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now