10. Unforgettable (Tae's Pov )

Start from the beginning
                                    

ပန်းခြံတို့ ရုပ်ရှင်ရုံ တို့ စားသောက်ဆိုင်ကောင်းကောင်း တို့ အစရှိသဖြင့် နေရာတော်တော်များများမှာ ကျွန်တော်တို့ စုံတွဲနဲ့အတူ တန်နီးလေးကို တွဲပြီး မကြာခဏ တွေ့မြင်မိကြပေလိမ့်မည်။

ချစ်စရာကောင်းတဲ့ တန်နီးရဲ့ အမူအကျင့်လေးတွေကတော့ ပန်းခြံထဲမှာဆို တခြားခွေးမလှလှလေးတွေကို တွေ့တဲ့အခါ မိတ်ဖွဲ့ဖို့လား ချစ်ရေးချစ်ရာတွေ ပြောဖို့လားတော့မသိ သူတို့ရှိရာဆီအပြေးသွားတတ်တော့ တန်နီးနောက်ကို မနည်းပြေးလိုက်ရတာ အကြိမ်ကြိမ်အခါခါ။ သူလဲ အပေါင်းအသင်းတွေနဲ့ ပျော်ချင်ရှာတယ် ထင်ပါ့။

ရုပ်ရှင်ရုံထဲမှာဆိုရင်တော့ သူလေးက အရမ်းငြိမ်တယ်။ ကျွန်တော့် ပေါင်ပေါ်ထိုင်ပြီး ကွေးကွေးလေးနဲ့ အိပ်နေတတ်တယ်။ လိမ်မာလွန်းတဲ့ ပါပီလေးမို့ ချစ်စဖွယ်အတိ။ တခါတရံကျတော့လဲ အောက်မှာပဲ ဆင်းပြီး ခြေရင်းနားမှာ အေးအေးလူလူလဲ အိပ်နေတတ်ပါသေးတယ်။ ဒါပေမဲ့ သူကြိုက်တဲ့ ပေါက်ပေါက်ဆုပ်တို့ အသားကင်တို့တော့ အဝကျွေးထားရတာပေါ့။

နောက်ပြီး သေချာလေ့ကျင့်ပေးထားတဲ့သူလေးမို့ အညစ်အကြေး ဘာညာကလဲ တွေ့ရာမစွန့်တတ်တော့ ဝေယာဝိစ္စ ဒုက္ခနည်းသည်။ သခင့်အပေါ် စိတ်အနှောက်အယှက် မပေးသူလေးပါ ။

သို့ပေမဲ့ တခါကတော့ တန်နီးလေးက ဘာ့ကြောင့်ရယ်မသိ ဂျောင်ကုရဲ့ ကားထဲမှာ အီးအီးပါချထားဖူးတယ်။

"ရတယ် ရတယ် ဘာမှမဖြစ်ဘူး
တန်နီးအီးအီး ကျွန်တော်ကြုံးလိုက်ပါ့မယ်"

"တန်နီးလေးလဲ တခါတလေကျရင်တော့
မထိန်းနိုင်တဲ့အခါ အခုလိုပဲ ပါချင်ပါမိမှာပေါ့
ဟုတ်တယ်မလား တန်နီးလေး"

ဆိုပြီး ဂျောင်ကုကတော့ ငြိုငြင်မှုကင်းစွာ
အပြုံးမပျက်ဘဲ ဆိုလာရင်း တန်နီးအညစ်အကြေးကို ရှင်းခဲ့ရှာပါတယ်။

ဂျောင်ကုက ထိုကဲ့သို့ ကျွန်တော့်နည်းတူ တန်နီးကို ချစ်ပေးခဲ့သည်။

ဒါ့အပြင် ကျွန်တော့်အပေါ် အမြဲအလိုလိုက်ကာ မျက်နှာတချက်အညိုးမခံဘဲ ချစ်ရှာပြီး စိတ်ထားကောင်းလွန်းတဲ့ သူလေးဖြစ်တာမို့လဲ
ဂျောင်ကုအပေါ် ကြွေဆင်းပြီးရင်း ကြွေဆင်းခဲ့ရတော့တာပေါ့။

Tannie In Love [ Completed ]Where stories live. Discover now