ချန်းယင်က ခပ်ဖွဖွပြုံးလျက် ခေါင်းတစ်ချက်ညိတ်လိုက်သည် ။ " ကောင်းပြီ .." သူက လော့ကျွင်းထံသို့ ပုလဲလုံးအား ပစ်ပေးလိုက်ပြီး တစ်ဖက်သို့ လှည့်လိုက်ကာ " တန်ဖိုးတော့ မရှိပေမဲ့ ဂုဏ်ပြုလက်ဆောင်လို့ သဘောထားလိုက်ပေါ့ .. "
လက်ထဲက ပုလဲနက်ကလေးကို ကြည့်လိုက်ပြီး လော့ကျွင်းက ချန်းယင်ထံသို့ ပြန်ပစ်ပေးလိုက်သည် ။ " တကယ်လို့ သူက မင်းကို သဘောကျရင် ငါက မကန့်ကွက်ဘူးဆိုတာမျိုး ပြောမှာ မဟုတ်တာမို့ .. နောက်ဆုတ်ပေးသလို မလုပ်နဲ့ .."
လော့ကျွင်း ထွက်သွားသည့် အချိန်တွင် ချန်းယင်က လက်ထဲတွင် ကျန်နေရစ်သည့် ပုလဲလုံးကို ကြည့်ရင်း ပြုံးလိုက်သည် ။ မစခင်ကတည်းက ရှုံးနေခဲ့သူတစ်ဦးက ယှဉ်ပြိုင်ဖို့ ကြိုးစားသင့်ရဲ့လား ။ ‌သူက လော့ကျွင်း ရပ်နေခဲ့သည့် နေရာကို ကြည့်လိုက်သည် ။ " သူ့ကြောင့်သာ မင်းရဲ့မျက်ဝန်းတွေကယုံကြည်မှုအပြည့်ဖြစ်နေတာဘဲ .. "
သူက မင်းကို ရွေးချယ်မယ်ဆို သေချာနေတာဘဲ .. မဟုတ်ဘူး .. ရွေးချယ်စရာကို မလိုတာ ..
အဲ့ယုံကြည်မှုကဒီတိုင်းဖြစ်လာတာမှမဟုတ်မှန်း မသိနိုင်သည်အထိတော့ သူက တုံးအသူတစ်ယောက်မဟုတ်‌ပေ ..။ ဒါပေမဲ့ .. ကြည်နေရရုံလေးဆိုရင်တောင် သူ့အနားမှာ နေခွင့်ရချင်မိတယ် ။
သေလောက်အောင် နာကျင်ခံစားရမယ်ဆိုရင်တောင် နောက်ဆုံးပန်းတိုင်မှာ အသိအမှတ်ပြုမှုတစ်ခု ရှိနေခဲ့တယ်ဆိုရင် ငါက  ဘာကိုမှ ဂရုမစိုက်ဘဲ ကြိုးစားမိမှာ ..
ဟက်!
ချန်းယင်က သူ့ကိုယ်သူ လှောင်ရယ်လိုက်သည် ။ အဓိပ္ပာယ်မရှိမှန်းသိပေမဲ့ .. မင်းထက်အရင် ငါနဲ့တွေ့ခဲ့မယ်ဆိုရင် လက်ရှိ မင်းနေရာမှာ ငါဖြစ်လောက်တယ်လို့ တွေးမိနေတုန်းဘဲ ..
ဘာကိုမှ မျှော်လင့်မနေဘူးလို့ မပြောနိုင်ပေမဲ့ .. အဆုံးစွန်ထိ သူ့အနား ရှိချင်နေတုန်းဘဲ .. တမ်းတနေတုန်းဘဲ ..
ဆုတောင်းတွေကို ယုံကြည်မှုမရှိတဲ့ ငါက နေ့ရက်တိုင်း ဆုတောင်းရင်းနဲ့ဘဲ ကုန်ဆုံးနေခဲ့ရတယ် ..