တစ်ယောက်သည် စိတ်ဝိညာဉ်ကို ပေး၍ ဖြစ်စေ အသွေးအသားကို စတေး၍ ဖြစ်စေ နတ်ဆိုးများကို ဆင့်ခေါ်နိုင်သည်။ ကောင်းသည့် ကိစ္စမှလွဲ၍ ကျန်သည့် ကိစ္စတိုင်း အပေးအယူပြုလုပ်နိုင်ကြသည် ။ ဆန္ဒရှိရှိ‌ပေးလာသည့် အရာများက ပိုအစွမ်းထက်သောကြောင့် ဒီဓလေ့အား နတ်ဆိုးကျင့်ကြံသူများက ချေဖျက်ကြခြင်း မရှိပေ ။ သူတို့အား ထောက်ချောက်ဆင်ခြင်းမှ ကာကွယ်ဖို့ အခြေအနေအရပ်ရပ်ကိုလည်း ချမှတ်ထားကြသေးသည် ။
ဟွားရန်သည် အစီအရင်အား ခနခနရေးဆွဲခဲ့ပြီး အဆက်မပြတ်ကျဆုံးသည့်တိုင် သူမ စိတ်ဓာတ်မကျသေးပေ ။ သူမ ဆင့်ခေါ်သည့် သူမှာ သာမန်နတ်ဆိုးများနဲ့ မတူသောကြောင့်ပင်။ ဆင့်ခေါ်ရခြင်းသည် သူမ၏ စိတ်ဝိညာဉ်အား ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည် ။ ပြာကျသွားသော ပစ္စည်းများမှာလည်း မနည်းမနောဖြစ်ကာ တောင်ပို့လေးပင် ဖြစ်ပေါ်နေတော့သည်။
ညဉ့်နက်သည့် အချိန်တွင် ဖိအားကို မခံနိုင်တော့ဘဲ ပုံလျက် လဲကျသွားတော့သည် ။ သူမ၏ အမြင်အာရုံသည် မသဲကွဲသော်လည်း ဖြူလွလွပုံရိပ်ကို ခပ်ဝါးဝါးတွေ့လိုက်ရကာ သူမ၏ နူတ်ခမ်းထက်တွင် အပြုံးနုနုလေး ပေါ်လာခဲ့သည်။ 
" ရှီရှုံး .. ရောက်လာမယ်ဆိုတာ သိသားဘဲ ! " မောပန်းနွမ်းနှယ်နေသည့် အသံသည် သူမ၏ ပင်ပန်းမှုနဲ့ ကြိုးစားအားထုတ်မှုအား သက်သေပြလျက် ။ ချန်းယန်၏ အမှုအရာအေးစက်နေသည်ကို တွေ့လိုက်ကာ ဟွားရန်သည် ပြာယာခတ်သွားသော်လည်း သူမ ခန္ဓာကိုယ်သည် လှုပ်ရှားဖို့ မတတ်နိုင်ဖြစ်ရသည် ။ ထိုသူသည် သူမအနားသို့ မရောက်လာသဖြင့် သူမအတွက် ချန်းယန်အနားသို့ မကပ်နိုင်ခဲ့ပေ ။ ပူနွေးသည့် မျက်ရည်များက ကြမ်းပြင်ထက်သို့ စီးကျသွားခဲ့၏ ။
ဟွားရန်သည် ချန်းယန်ထံသို့ လက်လှမ်းလိုက်သည် ။ ရှိသမျှ အင်အားမှန်သမျှ လက်တွင်းသို့ အားစိုက်ထုတ်ထားသဖြင့် သူမ မျက်နှာက အရောင်ပိုဖျော့လာသည် ။
" ငါတို့က ဘဝချင်းမတူဘူး ! ပြီးတော့ ဘာမှမသက်ဆိုင်တော့ဘူး .. ရှောင်လော့ ပြောသလို ငါ့ကို လာမပတ်သက်နဲ့တော့ .." ချန်းယန်သည် ဟွားရန်၏ အရုပ်ကြိုးပျက်ပြုတ်ကျသွားသည့် လက်အား ခံစားချက်မဲ့သည့် အကြည့်တစ်ချက်ပေးလိုက်ပြီး ပြောသည် ။ ဟွားရန်သည် သူမအကြောက်ဆုံးကိစ္စတစ်ခု ဖြစ်သွားသည့် အလား နူတ်ခမ်းများ တုန်ယင်သွားသည် ။ ' မလုပ်ပါနဲ့ .. မစွန့်ပစ်ပါနဲ့ .. ' သူမ ရွေးချယ်မှု မှားသည့် ခံစားချက်မျိုး ထပ်မခံစားချင်တော့ဘူး ။