"ကို"

"ဝက်ဝံလေး ဘာမှမဖြစ်ဘူးနော် "

"ဟင့်အင်း"

ချိုချန်ဟေး ကတော့

"ဟက်... ငါမင်းကိုအထင်သေးမိသွားတာဘဲ"

"မင်းသတ္တိတွေရှိနေတယ်ပေါ့ ချိုချန်ဟေး"

"ငါကအရုပ်လေးကို လိုချင်ယုံပါကွာ "

ခွပ်!!

တေးယွန်က ချန်ဟေးကို အပေါ်စီးကနေထိုး
ကြိတ်နေသည်။

(Host သွားဆွဲလေ)

(ဆွဲစရာလား သေးသွားလဲအေးတာဘဲ)

(😐)

ချန်ဟေးကိုသတိမေ့တဲ့ထိထိုးပြီးတာနဲ့မင်​ဂျောင်
ကိုဆွဲကာထွက်လာလိုက်သည်။နောက်တစ်နေ့
မှာသိလိုက်ရတာက ချိုချန်ဟေးရဲ့အဖေက
ငွေမဲ အခွန်ရှောင်မှူတွေနဲ့ ဖမ်းစီးခံရပြီး ချန်ဟေး
ကလဲ ​ဆေးကြောင်သလို ရူးနမ်းနမ်းဖြစ်ကာသူ့အမေကနိုင်ငံခြားထွက်သွားသည်ဟုကြား
သည်။သေချာတာပေါ့ တေးယွန်ကချန်ဟေးကို
ရူးအောင်ဆူးထိုးခဲ့တာ။ ထိုကိစ္စပြီးထဲက
တေးယွန် မင်္ဂလာကိစ္စအမြန်စီစဉ်တော့သည်။

မင်္ဂလာပွဲနေ့တွင်

"ကန့်ကွက်မယ့်သူရှိပါသလား"

"ရှိပါတယ်"

အသံလာရာကိုလှည့်ကြည့်တော့ အိုသားမိနှစ်
ယောက်ဖြစ်သည်။

"ရီမင်ဂျောင် မင်းဘယ်လိုလုပ်ရက်တာလဲ
ငါသမီးကိုမတရားကျင့်ပြီး ဗိုက်ရတော့ ငွေပေး
ပြီးအိမ်ပေါ်ကနှင်ချတယ် ခုဘယ်လိုများမင်္ဂလာ
ဆောင်နိုင်တာလဲ"

အောက်ကလူတွေဟာခနဲဟင်ခနဲဖြစ်ကုန်
သည်။

"ခများသမီးက ၁၆နှစ်ထဲက တွေ့ကရာလူနဲ့
လိုက်အိပ်နေတာကိုဘာလို့ ကျုပ်အတာလာချ
တာလဲ ကျုပ်ကUSမှာပေမယ့် ခများတို့အကြောင်းအကုန်စုံစမ်းပြီးသား ခုလဲဘာအကွက်တွေလာလုပ်နေတာလဲ အရှက်မရှိ"

"ဟင့် မင်ဂျောင် နင်..နင်ဘဲငါ့ကိုလက်ထပ်မယ်
ဆို ခု..ခုတော့"

"ကျစ်... ငါနဲ့ဘယ်တုန်းကမှားလဲပြောပါအုံးသေ
ချာလေး အရက်မူးတယ်မပြောနဲ့ ငါက အရက်နဲ့
မတည့်ဘူး "

System Hobi (Completed)Where stories live. Discover now