(ဟုတ်ပါတယ် host)

ဝူ က ချိုချန်ဟေးကိုသဘောကျနေတာကြောင့်
နားလေးတွေရဲနေသည်။ဒီလောက်ချစ်စရာ
ကောင်းတာလေးကိုမကြိုက်ဘဲ ဟိုရွက်ကြမ်းရေ
ကြိုမကိုသွားကြိုက်တဲ့ဇာတ်လိုက်ကောင်
ရယ်ပါ..

"ငါက ရီမင်ဂျောင် ရီအိမ်တော်ရဲ့သခင်လေး"

"ဟမ်.. ရီအိမ်တော်မှာသခင်မလေးဘဲရှိတာ
မလား"

"အိုရှာလီ ပြောတာမလား သူကငါ့ရဲ့
တရားမဝင်မိထွေးရဲ့သမီး သနားလို့အိမ်မှာ
ဆက်ထား ထားတာ မဟုတ်မှမင်းချစ်သူက
ကပ်ပါးကောင်ဆိုတာမသိတာလား သနားစရာ
ချိုသခင်လေးရယ် "

မင်ဂျောင်စကားကြောင့်ဘေးလူတွေရော
ချိုချန်ဟေးပါအံ့သြသွားသည်။အိုရှလီလဲ
ရောက်လာပြီးမျက်ရည်ဝဲကာရောက်လာသည်။

"မင်ဂျောင်..ဟင့် နင်ငါ့ကိုလူကြားထဲအရှက်ခွဲတာလား နင်..နင်ကငါတို့ကိုတစ်လတစ်ခါဘဲ
ငွေထုတ်ပေးတယ်လေ ငါတို့ကဘာပြောလို့လဲ
ပြီးတော့...."

"နင်ကဘာပြောချင်သေးလို့လဲ ငါ့ပိုက်ဆံငါ
ကိုင်တာဘာဖြစ်လဲ ကိုယ့်နေရာကိုယ်သိ
အိုရှာလီနင့်အမေက တရားဝင်ဇနီးမဟုတ်ဘူး
နင်တို့ကရီအိမ်တော်နဲ့ဘာမှမဆိုင်တဲ့လူ အေငါကသနားလို့ အရင်လိနင့်အဖေ -ာခံရမှာစိုးလို့
အိမ်ပေါ်မှာပေးနေပြီးတစ်လတစ်ခါပိုက်ဆံပေးထားတာနည်းတယ်မပြောနဲ့နော် ငါတစ်လကို သိန်း၅၀၀ပေးတယ် နင်ခုဝတ်ထားတဲ့brand
တွေကို သိမ်းပြီးမှ ခုလိုမျက်ရည်ခံလာထိုးသင့်တာမလား"

"....."

အိုရှာလီတစ်ယောက်ပြောစရာစကားပင်မရှိ
တော့တာကြောင့်ရှက်ပြီးထိုနေရာထွက်လာခဲ့
သည်။ကန်တင်းကလူတွေကတော့အိုရှာလီ
ကိုအပြစ်ပြောကုန်သည်။

"မြင်လား ချိုချန်ဟေး မင်းတွဲနေတဲ့မိန်းမကဘယ်
လိုလူမျိုးလဲဆိုတာ အော် ငါ့ကိုမင်းရဲ့နံပါတ်တွေထဲထည့်ဖို့စဉ်းစားနေရင် မေ့လိုက် ဘာလို့ဆို
ငါ့မှာချစ်သူရှိတယ်... သွားမယ် ဝူ မင်းကိုငါအ
ပြင်မှာလိုက်ကျွေးမယ် "

ထွက်သွားတဲ့ကျောပြင်နှစ်ခုကိုကြည့်ပြီး
ချိုချန်ဟေးပြုံးလိုက်သည်။

System Hobi (Completed)Where stories live. Discover now