အပိုင်း (၃၅)

Start from the beginning
                                    

"Hello မမသက်လား၊ ကျွန်တော် အဝန်းပါ။ အကွေး ကျောင်းသွားပြီလား.."

အချိန်သည် ၁၁နာရီကျော်ပြီဖြစ်တာကြောင့် အကွေးများ ကျောင်းရောက်နေမလားလို့ စကားခံလိုက်သော်လည်း သူ့ညီမအကြောင်း သူအသိဆုံးပေမို့ ဒီအချိန် အကွေးတော့ တူလုံးဝိုင်းမှာရှိနေမလား၊ ပုံထောင်ပစ်နေမလားနဲ့ ချက်ပစ်နေမလား...မဟုတ်လျှင် မြတ်ဘုန်းအနားကပ်ပြီး မြတ်ဘုန်းကိုပဲ ကြည့်နေမည်လား တစ်ခုခုတော့ ဖြစ်နိုင်ပါသည်။

"အကွေးရေ အဝန်းတဲ့...."

လက်ထဲမှာ ကိုင်ထားပါတဲ့ ပုံကဒ်လေးကို ချခဲ့ပြီး ဖုန်းဆီအပြေးလာတဲ့ အကွေးက သူမတို့ ကျောင်းအနီးက မမသက်တို့ဆိုင်မှာ ပုံဝယ်နေခြင်းဖြစ်ပါသည်။

"အဝန်းလား...ငါက နင့်ကိုသတိရနေတာ။ ဘာလို့ ငါ့ဆီဖုန်းမဆက်တာလဲဟင်၊ ဖုန်းထဲပိုက်ဆံမရှိလို့လား။ အခုရော အဆင်ပြေရဲ့လား၊ အဖေ့ကိုပြောလိုက်ရမလားဟင်။"

ထုံးစံအတိုင်း လားပေါင်းများစွာနဲ့ မေးခွန်းပေါင်းများစွာကို မေးထုတ်နေပါတဲ့ ငအူကြောင့် အဝန်း သဘောတကျနဲ့ တဟားဟားရယ်နေမိသည်။

"အဝန်း...ရယ်နေတာက ပိုက်ဆံမရှိလို့လားဟင် !!!!"

မှတ်သားလောက်ပါတဲ့ သူမစကားဗျာ။ ပိုက်ဆံမရှိရင် ရယ်နေတတ်တဲ့သူ ရှိပါ့မလား။ ဒီညီမဟာ အဝန်းအတွက်တော့ ဘဝကပေးတဲ့ တာဝန်လေးပင်။ သူမလေးအတွက် အဝန်းမှာ နည်းလမ်းပေါင်းစုံနဲ့ လူမျိုးစုံတို့ကို ဆက်ဆံရပေဥိီးသည်။

ဒီညီမအတွက်ကြောင့်ပဲ သူဟာ သူသဘောကျတဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်ခဲ့သည်။ နောက်ဆုံး သူ သဘောအကျဆုံးဖြစ်တဲ့ လူတစ်ယောက်ကိုလည်း ဒီညီမအတွက်ကြောင့်ပဲ စွန့်ခွာခဲ့ဦးမည်ဆိုတာကို သူအခုထိ မသိသေးပါ။

"အကွေး.....နင်အခုဘာလုပ်နေလဲ ပြောပါဥိီး၊ ပြီးတော့ ငါ့မှာ ပိုက်ဆံရှိပါတယ်။ ဖုန်းမဆက်ဘူးဆိုတာက...."

"ရည်းစားတွေ့နေလို့ဆို...အဖေပြောတာ"

ဟောဗျာ...ကြည်လင်မှုနဲ့ မသေချာမှုတို့ အချိုးကျရောစပ်ထားတဲ့ သူမရဲ့အသံက ကျွန်တော့်ခန္ဓာအနှံ့ ကြက်သီးမွှေးညှင်းတို့ တဖြန်းဖြန်း ထ,ပေါ်လာစေသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now