အပိုင်း (၈၀၅) - ဘယ်တစ်ခုက တည်ဆောက်မှုဗဟိုချက်လဲ

Ξεκινήστε από την αρχή
                                    

သူ၏ စိုးရိမ်မှုမရှိသော ပုံစံကို ရှီမာယူယူမြင်သည်နှင့် သူ့ကိုယုံကြည်ရန် ရွေးလိုက်ပြီး အတူတကွ ဝင်ကြလေသည်။

သူတို့သည် ရှေ့ဆက်သွားရာ ကျန်းကျူကျိ ပြောခဲ့သောနေရာ အားရောက်လေသည်။ လမ်းမှာရိုးရှင်းပြီး အန္တရာယ်ရှိသောအခြေအနေ မဟုတ်ပေ။

"ငါတို့်ဒီလောက်ကြာအောင်လျှောက်လာတာကို ဘာမှမတွေ့ဘူး၊ ဒီကို ရောက်တဲ့ ဘယ်ဟာမဆို ပျောက်သွားတာလားမသိ" စူးရှောင်ရှောင်ပြော လေသည်။

"တစ်ခုခုရောက်ခဲ့တယ်ဆိုရင်တောင် အချိန်တွေကြာသွားတဲ့အခါမှာ ချီဝိဥာဉ်တွေက လုံးဝ စုပ်ယူပြီးနေပြီ" ဟန့်မြောင်ရွှမ် ပြောလေသည်။

"ဒါပေမဲ့ အဲလိုသာတကယ်ဆိုရင် ငါတို့အတွက် လွယ်လွယ်နဲ့အမြတ်ရ လိုက်တာမဟုတ်ဘူးလား" ကုန်ရှန်ယိ အားရပါးရပြုံးလေသည်။

"အထဲမှာ ပစ္စည်းကောင်းကောင်းမကျန်မှာကိုပဲစိုးတာ" ကျန်းကျူကျိ သည် သူမ အပျော်ကို ဖျက်ဆီးလိုက်သည်။

"ဘာလို့လဲ"

"ချီဝိဥာဉ်တွေက ဒီမှာနေတဲ့ သက်ရှိတွေကိုပဲ ဖျက်ဆီးနိုင်တာ မဟုတ်ဘူး ဝိဥာဉ်စွမ်းအင်တွေကိုလဲ စုပ်ယူနိုင်တယ်" ရှီမာယူယူ ရှင်းပြလေ သည် "ဒီမှာသာ ဝိဥာဉ်စွမ်းအင်ရှိတယ်ဆိုရင် ဝိဥာဉ်စွမ်းအင် က စုပ်ယူခံရပြီး လောက်ပြီ၊ ဒါပေမဲ့ ကျွန်တော်တို့်လက်ဗလာနဲ့တော့ မပြန်ရလောက်ပါဘူး ကံကောင်းပြီး တစ်ခုခုလောက်တော့ရမှာပါ"

ကုန်ရှန်ယိသည် ရှီမာယူယူ သိပြီးပုံပေါ်သည်ကိုမြင်သည်နှင့် စမ်းသပ်ကြည့်လေသည် "ယူယူ ကသိပြီးသားလား"

"ဒါပေါ့ အဲဒါကြောင့်ဒီမှာ အန္တရာယ်မရှိတော့ဘူးဆိုတာသိတာ" ရှီမာ ယူယူ ပြောလေသည် "အစတုန်းကတော့ ခန့်မှန်းချက်ပဲရှိတာ၊ ဒါပေမဲ့ ဒီလောက်ရှင်းလိမ့်မယ်လို့ထင်မထားဘူး"

"ဒီမှာ ပစ္စည်းကောင်းကောင်းမရှိမှတော့ ဒီကိုဘာလာလုပ်တာလဲ"

"အပိုင်းအစတွေလာကောက်တာ"

"....."

ကုန်ရှန်ယိ၊ ကျန်းကျူကျိနှင့် တခြားသူများသည် တူညီသော မျက်နှာ အမူအရာများဖြင့် ပြောစရာစကားများပျောက်ဆုံးသွားလေသည်။ သူမ မသိခဲ့သလိုမျိုးပဲ...

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Όπου ζουν οι ιστορίες. Ανακάλυψε τώρα