အရေးပေါ်ယူလိုက်ရတဲ့ မိန်းမ(သို့)ယောက်ျားတု

359 12 2
                                    

"အရေးပေါ်ယောက်ျား! ဟုတ်လား ခင်"

"အင်းဆို"

"ဘယ်လိုဖြစ်တာလဲခင်ရယ် ဗြုန်းစားကြီး "

"ဖြစ်ပုံကဒီလို ...."

ဒီလိုနဲ့ ခင့်ဦးလေးအကြောင်းကို သူငယ်ချင်း မလေးတွေကို ပြောပြလိုက်ရပါတယ်။

ခင့်မှာက မိဘတွေဆုံးပါးသွားပြီးထဲက အမေ့ရဲ့မောင် ဦးလေးဖြစ်သူရဲ့ကျွေးမွေးစောင့်ရှောက်မှုအောက်ကြီးပြင်းခဲ့ရသူပါ။
ခက်တာက ဦးလေးက အရက်နည်းနည်းသောက်တယ်။
ပြီးတော့ အဲ့တာကိုအကြောင်းပြပြီး
ခင့်ကိုသေချာမစောင့်ရှောက်နိုင်ဘူးလို့ပြောပြီး အတင်းကာရော လင်ပေးစားတော့တာပဲ။

ခင်မှလင်မယူချင်တာပဲလေ။
ပြီးတော့ ချစ်သူတောင်ထားရသေးတာမဟုတ်ဘူး။

ဦးလေးက ဒီနှစ်ကုန်လို့မှ ချစ်သူရရင်ရ မရရင် သူပေးစားတဲ့လူကိုယူရမယ်တဲ့။
ကဲ အဲ့တာသာကြည့်တော့။

"ဆိုတော့ ယောက်ျားလေးသူငယ်ချင်းတောင်မရှိတဲ့ မခင်ဦးက ယောက်ျားတစ်ယောက်ကို ကောက်ယူလိုက်ရမယ်ဆိုပါတော့"

"အို... ခတ္တာကလည်း ခင်က အယောင်ပြသက်သက်ပဲလိုချင်တာပါဆို"

"အဟင်းဟင်း.. ဟုတ်ပါပြီ မယ်မင်းကြီးမရယ်။
တို့နားလည်ပါတယ်ကွာ... ဒါပေမယ့် ခင်က .."

"အဲ့တာပြောတာ ခင်က ယောက်ျားလေးတွေနဲ့လည်း စကားတောင် သိပ်ပြောတာမဟုတ်ဘူး။
ပြီးတော့ သူစိမ်းယောက်ျားလေးတစ်ယောက်ကို ကိုယ့်လင်လိုနေပြရမယ်ဆိုတာကြီးက..."

ခင်စဉ်းစားရင်းခေါင်းရှုပ်ရပါတယ်။
တကယ်ပါ ခင့်ဘဝမှာ ဘယ်ယောက်ျားလေးနဲ့မှ အပေါင်းအသင်းတောင်လုပ်ခဲ့ဖူးတာမဟုတ်ပါ။
ခင့်မှာ မိဘတွေမရှိတော့ ဦးလေးရဲ့အရိပ်အောက်မှာ ခင့်ဘဝကို ခင့်ဘာသာ ပိပိရိရိ ထိန်းကျောင်းခဲ့ရသူပါ။

ချစ်သူရည်းစား ထားဖို့ တောင် ခင့်ခေါင်းထဲ လုံးဝရှိမနေတာ လည်းအမှန်ပါ။

"တို့အကြံရပြီ ခင်လက်ခံမလား.."

"အင်း . . ရိုစီပြောကြည့်လေ"

ခင့်မှာ တိုင်ပင်ဖော်တိုင်ပင်ဖက်ဆိုလို့ ခတ္တာရယ် ရိုစီရယ်ပဲရှိတာ။
မိန်းကလေးအချင်းချင်းလည်းဖြစ် ငယ်ပေါင်းကြီးဖော် လည်းဖြစ်တော့ အားကိုးရပါတယ်။
ခင်သူတို့ကိုချစ်လည်းချစ်ရပါတယ်။

You've reached the end of published parts.

⏰ Last updated: Dec 07, 2021 ⏰

Add this story to your Library to get notified about new parts!

one shot collection Where stories live. Discover now