ခိုနားရာ(zawgyi)

802 28 1
                                    

" မှန်ကြောင်။ ငါ့မှာ ကိုယ်ဝန်ရှိနေပြီ "

သူ က အေးရာအေးကြောင်းပဲ ပြောလိုက်ပေမယ့် ပြာယာခတ်သွားတာက ငါ။

"ဘာ! ဘယ်နှလရှိပြီလဲ၊ ဘယ်သူနဲ့လဲ၊ ကလေးအဖေရောသိပြီးပြီလား"

"တွဲခဲ့တဲ့ ယောက်ျားတွေမှ အများကြီး။
ကလေးအဖေတော့ ငါလည်း အတိအကျဘယ်သိမလဲ"

သူက ငါ့ဘေးက ထသွားပြီး ဆေးလိပ် ကို မီးညှိ ရင်း ပြန်ဖြေလေရဲ့။

"နင် လာနောက်နေတာလား"

" အဟတ်။ ငါ့မှာ ကိုယ်ဝန်ရှိနေတာကို နင့်ကို နောက်စရာလား ။
အရေမရအဖတ်မရ"

သူက ပြောရင်း ဆေးလိပ်ငွေ့တွေကို မှုတ်ထုပ်လိုက်တယ်။
ငါနည်းနည်းတော့ မျက်မှောင်ကြုတ် မိပေမယ့် သူ နောက်နေတာပဲထင်နေတုန်း။

" ကလေးအဖေမသိပဲနဲ့ နင်..."

ငါ့စကားမဆုံးခင်မှာပဲ သူက အိမ်တံခါးပေါက်ရောက်နေပြီ။

"ငါသွားပြီ ။ အပြန်နောက်ကျမယ်"

သူက ငါ့ကို စကားအဖြစ်ပြောသွားတာလား အသိပေးခဲ့တာလား
နောက်နေတာလား ။ ငါတကယ် မသဲကွဲတော့ဘူး။
သူနဲ့ ပတ်သက်ရင် ငါ့ဦးဏှောက်တွေက အမြဲတမ်း ထုံထိုင်း သွားတော့တာပဲ။

" ဆု၊နင် တကယ်ကိုယ်ဝန်ရှိနေတာလား"

သူ ရာသီမမှန်တာ ငါ သတိထားမိလာတယ်။
ပြီးတော့
အရင်က အနံ့ဆိုးလို့ မစားတဲ့ ငါးပိရေတွေကို ထမင်းနဲ့ အရေဖျော်ပြီး ငရုပ်သီးမှုန့်အများကြီးနဲ့ စားရတာ သဘောကျလာတာလည်း ငါသတိထားမိလာတယ်။

" ခေါင်းလာမစားစမ်းနဲ့ ။ နင့်ကို ငါ ဘယ်တုန်းက လိမ်ဖူးလို့လဲ"

"ဒါ ဒါဆို "

"ဘာလဲ ဘာပြောချင်နေတာလဲ "

ထမင်းအစားမပျက် သူက အမေးလာတယ်။

" နင် ငါးပိရည် တွေ ငရုတ်သီးတွေ အရမ်းမစားသင့်ဘူး။
ကလေးအတွက် အန္တရာယ်ရှိတယ် ဆိုတာ မသိဘူးလား"

သူ့စားလက်စ ပန်းကန်ကို ငါ ဆွဲလုလိုက်တယ်။
သူက ငါ့ကို မျက်စောင်းလှလှနဲ့ မော့ကြည့်လာတယ်။
ထမင်းစားပွဲ ကနေ သူက မတ်တပ်ရပ်လာတော့ အရပ် ငါးပေ ၇ လက်မ ရှိတဲ့ သူ့ကို ငါ မော့ကြည့်နေရတယ်။
သူ့ကို ငါသဘောကျတဲ့အထဲမှာ အဲ့ ခက်ရှည်ရှည် အရပ်လည်းပါတယ်။

one shot collection Where stories live. Discover now