တေည်လှန်ရေးဖူးစာ ၁

358 16 0
                                    

... ဆေးရုံတစ်ခုလုံး CDM

ဆိုပြီး လက်တွေ သုံးချောင်းထောင်လို့ တက်လာသောပုံတွေက အားရစရာ။

*ဝိုး အဲ့ ဆရာဝန် မမက အလှလေးဟဲ့ အဟိ"

မန့်ထဲဝင်ကြည့်တော့ ဆရာဝန်မ လှလှလေးကို ငမ်းနေကြတာ မိန်းကလေး တွေရော ယောက်ျားလေးတွေရော။

ကံကောင်းထောက်မလို့ လူတစ်ယောက်က linkချပေးသွားတယ်။
ဝင်ကြည့်လိုက်တော့ single ဆိုတာလေးတွေ့မိလို့ ပြုံးရသေး။

"Addမယ်ကွာ"

လက်မခံဘူး။
အေးလေ ။
ဘယ်ဆယ်လီ တွေက accလက်ခံကြဖူးလို့လဲ။

See first ထားလိုက်တယ်။
မနက်ဖြန် ဘယ်မှာ ဆန္ဒပြ မယ် ဆိုပြီး တင်ထားတယ်။
အချိန်ရော နေရာပါ အတိအကျ။

အမယ်  မိစုတို့ ကံကောင်းပြီဆို ဦးကံကောင်းတောင် ထိုင်ငိုမယ်။
မမသွားမယ့်နေရာက စုလှိုင်တို့အိမ် နဲ့ နီးတယ်လေ။

"အမယ်စောစောစီးစီးနိုးလို့"

"အမေ့သမီးက ဒီနေ့ ကီးဘုတ်မဖိုက်တာတော့ဘူး လမ်းပေါ်ထွက်တော့မယ်"

"ကောင်းသားပဲ အမေက ဂုဏ်ယူနေမှာ"

တော်သေးတယ် မသွားနဲ့ ငယ်သေးတယ်တွေ ဘာတွေ လုပ်မလားလို့။

လိုအပ်တာတွေ အမေက ပြင်ဆင်ပေးလို့
အဆင်သင့်ယူရုံပဲ။
အမေ့ကို နမ်းရင်း ကန်တော့ပြီး
လမ်းမဆီ အပြေးလေး သွားလို့

"မမရေ စုစုလာ...အမလေး"

အသံတွေက ဆူညံလို့။
ဘယ်ကနေ ဘယ်လို ခွေးလေခွေးလွင့် တွေ ရှိနေပါလိမ့်။
သေနတ် သံတွေကြားရတယ်။

လူအုပ်ကြီးပဲ ရှိပေမယ့် မမကို ရှာလို့မရ။

သံချပါကိုလည်း လိုက်အော်ရသေး လူကရှာရသေး အဆင်မပြေလှပါ။
အပြင်မှာ  တွေ့ချင်တော့လည်း။

အာ့...

"အဲ ဂရုစိုက် လေ ကလေးရဲ့"

လက်တစ်ဖက်ကို ဖမ်းဆွဲထားခံနေရပြီး
ချိုမြိန်တဲ့ အသံလေးက
ချက်ချင်းကို ပင်ပန်းတာတွေ လျော့ကျသွားသလို။

"မမ ဟုတ်တယ်မလာ မမနှင်းဝတ်ရည် မလား"

"အင်းလေ ကလေးက မမကိုသိလို့လာ"

one shot collection Donde viven las historias. Descúbrelo ahora