"ချစ်တယ်"
ငါ့အသံကြားတော့ သူက ပြူးပြူးလေးမော့ကြည့်လာတယ်။
"ငါလည်း မမကိုချစ်ပါတယ်"
သူ အဓိပ္ပာယ် ကောက်လွဲသွားပုံပါပဲ။
အချစ်ရဲ့ အနှစ်ကို သူငယ်ချင်း ဒါမှမဟုတ် လည်း
မိသားစု၊ ဒီလောက်ပဲ အဓိပ္ပာယ် ဖွင့်ဆိုနိုင်တဲ့ သူ့ကို ဖွင့်ပြောရတာလည်း မလွယ်ကူတဲ့
ချိုမြိန်မှုတစ်ခုပဲ။"ငါက နင့်ကိုချစ်တာ သူငယ်ချင်းလို ညီအမလိုမဟုတ်ဘူး။ လင်မယားတွေလို ၊ ချစ်သူတွေလိုမျိုး"
နဂိုဝိုင်းနေတဲ့ သူ့မျက်ဝန်းတွေက ပိုပြီး ကျယ်လာသယောင် ။
ပန်းနုရောင် နှုတ်ခမ်းနှစ်လွှာက ခပ်ဟဟလေးပွင့်လို့။လူကို စိတ်မထိန်းနိုင်အောင် လုပ်နေသလား ကောင်မလေး ရေ...။
"အဲ့လိုရလို့လား..ငါတို့က မိန်းကလေး တွေပဲ မမ"
စကားတွေအများကြီး ပြောရတာ မကြိုက်တဲ့ငါ့ကို မေးခွန်းတွေအများကြီးမေးရတာ သဘောကျတဲ့သူ။
လူတစ်ယောက် နားမလည်တဲ့အရာကို ရှင်းပြရတာဟာ ငါအမုန်းဆုံးအလုပ်တစ်ခု။
"သွားတော့..."
မသိလည်းနေပါစေတော့.. ။
နားမလည်လည်း ရှိပါစေတော့.... ။ဒီထက်ပိုပြီးလည်း ပြောချင်စိတ်တွေ ကုန်နေလို့။
"မမ "
သူ့ကို ကျောခိုင်းပြီး ငါ ဆိုဖာပေါ် ထိုင်လျက်သား စားပွဲ ပေါ် ခြေထောက်ပစ်တင်ပြီး ဆေးလိပ်သောက်နေလိုက်တယ်။
" အဟွတ်... အဟွတ် "
မှုတ်ထုပ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေထဲမှာ စိတ်ညစ်စရာတွေ ပါသွားမှာ မဟုတ်မှန်း သိတော့ မျိုချလိုက်တယ်။
တကယ်တမ်း
ဒုက္ခ များသွားတာက သူမ။"မမ..ရရဲ့လား ။ ငါပြောသားပဲ ဆေးလိပ် တွေအရမ်းမသောက်ပါနဲ့လို့ "
" ငါက ကြိုက်တာကိုး ။ ဒီလောက်ခံစားရတာတော့ မဆန်းပါဘူး"
ငါ့ပြောတော့ သူမက ခဏ ငြိမ်သွားတယ်။
ကြည့်ရတာ သူ ငါ့ကို တကယ်တော့ စိတ်ပူသွားပုံပါပဲ။
![](https://img.wattpad.com/cover/261551012-288-k227406.jpg)