I

1.7K 243 47
                                    

Black Orchid <<10>>

ဆွဲအားပြင်းတဲ့မျက်ဝန်းစူးစူးလေးတွေ
မှော်ဆန်တဲ့မွေးမွေးကြူကြူပါးလေးတွေ...
ချယ်ရီရောင်နှုတ်ခမ်းထူထူလေးတွေ...
အထူးဆန်းဆုံးကပန်းရောင်ဆံပင်လေးတွေ...

သူ့သဘောအတိုင်းသခင်က
ပန်းရောင်ပြောင်းခဲ့တာတဲ့လား....။
Jeon Jungkook တစ်ယောက်
ဘဝင်မြင့်ချင်ခဲ့ပြန်သည်။

ပန်းရောင်ခြယ်လိုက်လည်း
အရှိန်အဝါတွေဟာမသေသွားပါ။
အရောင်ထည့်ပေးလိုက်သလို
ပို၍လင်းလက်သွားခဲ့သည်။

ပန်းနုရောင်ဖဲသားဝတ်ရုံရှည်ဟာ
ဒူးထိရှည်ကာ အဖြူရောင်ကိုယ်ကျပ်ဘောင်းဘီနဲ့ သခင်ဟာ တစ်မျိုးမိမိုက်နေခဲ့သည်။ကြယ်သီးတွေအားထုံးစံအတိုင်းမတပ်ထားခဲ့။ဖွေးဖြူနေတဲ့ရင်အုံရဲရဲလေးတွေအား
သူများကြည့်မှာမနာလိုချင်စရာ။

ခါးနားမှာပျံဝဲနေသလို လိပ်ပြာပုံတက်တူးအသစ်လေးက ရင်တွေဟာတစ်လှပ်လှပ်...။

ပန်းသွေးရောင်မျက်နှာနုနုလေးတွေမှာ
ပန်းနုရောင်ခြယ်သောဆံသားလေးတွေက
အံဝင်ခွင်ကျ Drama တွေထဲကလို
အဓိကဇာတ်ဆောင်ရဲ့အရှိန်အဝါတွေဟာ
ထင်းထင်းလင်းလင်း ချယ်ရီပွင့်ဖတ်လေးတွေပါလေထဲလွင့်နေသလို...။

Jeon Jungkook ဟာ
စိတ်ကူးယဉ်လွန်ခဲ့သည်။

"Koo.. လွန်လွန်းတယ်မထင်ဘူးလား"

"ဗျာ"

နားဆွဲခပ်ရှည်ရှည်တစ်ဖက်ကိုသခင်က
အေးဆေးတက်နေရင်းသူ့အားမှန်ထဲကနေ
ကြည့်ပြောသည်။
ငါကြည့်တာလွန်သွားလို့လား...။

"မင်းတစ်နေ့သုံးခေါက်ငါအခန်းထဲလာလာ
နေတာလေ မမောဘူးလား"

"ဟို ကျွန်တော်ပျင်းလို့"

"Taehyung ကတောင်ပြောနေပြီ။
ကိုယ့်အခန်းလာတိုင်းမင်းကိုတွေ့တွေ့နေလို့
မင်းကိုဒီအခန်းပိုင်ရှင်လို့တောင်ထင်နေပြီတဲ့"

"အဲ့ဒီ Kim Taehyung ကိုစိတ်မချလို့လေ။
ကိုကို့ကို လာလာနမ်းနေတာ"

"မင်းကတော့ ပြသနာပဲ Koo...
ပျင်းရင်barသွားပါလား"

"အခုကျွန်တော့်ကိုငြိုငြင်တာလား"

BLACK-ORCHID &lt;&lt;Minkookie&gt;&gt; COMPLETEDOnde histórias criam vida. Descubra agora