H

1.6K 243 83
                                    

Black-Orchid <<9>>

နဖူးပေါ်ကျနေတဲ့ဆံနီတွေဟာ ဝဲခနဲ့
နမ်းမိလို့မောပြီးခွေသွားတာသခင်မဟုတ်ပဲ
ကျွန်တော်သာဖြစ်နေခဲ့တယ်။

သူများတွေကမျက်နှာလေးမြင်
အေးချမ်းသွားလို့ချစ်တာ ကျွန်တော်ကမတူ
ပူပူလောင်လောင်လေးကိုမှသွားချစ်မိတာ။

မပြီးဆုံးနိုင်တဲ့အနမ်းသံသရာထဲမှာ
ရူးခါနေအောင်သိပ်ပျော်မွှေ့ခဲ့ပါတယ်။
နှုတ်ခမ်းတွေကမချိုပါဘူး။
ခါးစိမ့်စိမ့်အနံ့သင်းသင်းလေးရယ်ပါ။
ခါးတာလေးကမှ ပိုအရသာရှိတာမျိုးမို့
ပို၍ ပို၍တိုးလိုချင်ခဲ့သည်။

ထိလိုက်တဲ့နေရာတိုင်းဟာမွေးနေတာမို့
အနက်ရောင်သစ်ခွလေးရဲ့စွမ်းအင်တွေက
မယုံနိုင်စရာပါပဲ...
ပို၍ပို၍လွှင့်မျောနေမိခဲ့သည်။

လှုပ်လီလှုပ်ယဲ့ လက်ချောင်းလှလှလေးတွေဟာ ခန္ဓာကိုယ်ထဲပြေးလွှားနေကာ
သခင်ကတစ်နေရာချင်း အနမ်းတွေပေးနေလိုက်တော့လည်း ရူးမတက်ပဲ...။

အရာထင်အောင်နမ်းပစ်ချင်တာသူဆိုပေမယ့်
တကယ်လက်တွေ့အကောင်ထည်ဖော်နေတာ
သခင်ဖြစ်နေခဲ့သည်။

"သိပ်ပျော့တာပဲ မင်း"

"ကိုကို့လိုလူတိုင်းနဲ့နမ်းနေကြမှမဟုတ်တာ"

မောနေတာမှန်ပေမယ့်
သိတယ်မှတ်လား ယောင်္ကျားတို့မာနက
ဒါမျိုးဆို သည်းခံနိုင်တာမဟုတ်
မောနေရင်းနဲ့ပြန်ခံပြောပြန်သည်။

"ဟ့ kooလေးက မနာလို​​​ဖြစ်နေတာပဲ"

"ကျွန်တော်ကလား ... ဝေးသေးတယ်"

"ဒါဆိုဘာလို့ကိုယ့်ကိုနမ်းတာလဲ koo..."

"အမြင်ကပ်လို့ အဲ့နှုတ်ခမ်းတွေက
လူတိုင်းရှေ့ စူထော်နေတာ"

"အမြင်ထပ်ကပ်ပေးပါအုံး..."

သခင်ဟာ အသဲယားစရာသတ္တဝါလေး
အရှိန်အဝါတွေအောက်မှာ
မလှုပ်မယက်နိုင်ဖြစ်နေလည်း
သခင်ကချစ်စရာကောင်းတယ်လို့
တွေးထင်နေမိတုံးပဲ....။

ဘိုထိုင်ပေါ်ထိုင်ချလိုက်တော့
သခင်ကသူပေါင်တွေပေါ်ထိုင်ချလာကာ
နှုတ်ခမ်းဖူးငယ်တွေနဲ့လာပွတ်ဆွဲရင်း
ဆွဲဆောင်ပြန်သည် ။မနေနိုင်ပြန်ဘူး...။

BLACK-ORCHID &lt;&lt;Minkookie&gt;&gt; COMPLETEDWhere stories live. Discover now