C

1.7K 264 28
                                    

Unicode
Black-Orchid <<4>>

Park Jimin... တဲ့

နာမည်ကြားသွားရုံနဲ့ ဖျားသွားစေလောက်အောင် နှစ်တိုင်းတင်နေတဲ့ ဆံပင်အရောင်တွေထက်ကို သခင်ဟာ ...အရောင်သိပ်စုံတယ်။

သခင်ဟာ သက်တန့်လေး....။

မထိတထိရယ်သံသဲ့သဲ့တွေ...
လှောင်လှောင်ပြောင်ပြောင်မျက်ဝန်းပြာတွေ....
ရိုင်းစိုင်းပြီးရင် ရိုင်းနေတာကလဲ သခင်ပဲ။

Piano သံလိုရယ်သံအေးအေးလေးတွေ...
ကြည်ကြည်နူးနူးရွန်းရွန်းစားစားအကြည့်တွေ...
နူးညံ့ပြီးရင် နူးညံ့နေတာကလဲ သခင်ပဲ...။

သခင်ဟာဘယ်သူနဲ့မတူ...။

ရွေးချယ်စရာအများကြီးရှိရင်တောင်
သခင်တစ်ယောက်ထဲက
ပိုပြီးရွေးချယ်စရာတွေများနေတာမျိုး
ဆေးရောင်စုံတွေပါတဲ့ Palette လိုလူသား....။

ဘုရားသခင်ကတရားမမျှတဘူး
သခင့်အပေါ်ပဲ ပြီး​​ပြည့်စုံမှုတွေ
အကုန်ပုံပေးထားတယ်။

ဘာမှမလုပ်ပဲ လှဲအိပ်နေရင်တောင်
လှတဲ့ဖြစ်တည်မှုမျိုးမို့ သိပ်ခက်သည်
အိပ်ယာသွားနှိုးတဲ့ အချိန်တိုင်းမှာ
ဖောင်းနေတဲ့ မျက်နှာလေးတွေမြင်ရရင်
သွက်သွက်ခါအောင်ရူးချင်တာပဲ။

မိတ်ကပ်ပါရင် သခင်ဟာ ဆွဲဆောင်မှုရှိနေပြီး
မပါရင် ကလေးတစ်ယောက်လိုမျိုး
ဖြူဖြူဥဥ နုနု ထွဋ်ထွဋ်လေး
အသဲယားစရာ.... ။

ဒီနှစ်အတွက်ပြောင်းထားတဲ့
ခရမ်းနုရောင် ဆံနွယ်တွေနဲ့လည်း
သိပ်လိုက်နေတာလွန်လွန်းနေပြန်သည်။
ခြံကြီးထဲက
ခရမ်းနုရောင်လီလီပန်းတွေတောင်
သခင့်လောက်မလှနိုင်ရှာဘူး
သနားစရာပဲ....။

သို့ပေမယ့် အပြစ်မမြင်ရက်နိုင်ပါ
ခရမ်းရောင်လီလီပန်းတွေမှာလည်း
အမှတ်တရ လှလှလေးတွေရှိသည်လေ။

"လက်ဆောင်တွေက ပွင့်လာပြီပဲ..."

ပန်းတွေအားကြည့်ရင်း
ကိုယ့်အတွေးနဲ့ ကိုယ်နှစ်မြှုပ်နေတုံးမှာ
သခင့်ရဲ့ခပ်ချိုချိုအသံလေးနဲ
သူ့အား​နောက်ကနေသိုင်းဖက်လာသည်
ထိုအချိန်တုံးက၁၇နှစ်သာရှိသေး​တော့
သခင့်ရင်ခွင်ထဲမှာ သူကမြှုပ်ဝင်နေခဲ့တာ။

BLACK-ORCHID &lt;&lt;Minkookie&gt;&gt; COMPLETEDWhere stories live. Discover now