Chapter 5(part 1)

794 195 17
                                    

ကားက Xu Ze ၏နံဘေးမှာလာရပ်ပြီး ပြတင်းပေါက်မှန်လေးက ကျလာခဲ့သည်။Xie Chengzhou ကကားတံခါးကိုမှီလျက် သူ့ကိုကားထဲဝင်ရန် ပြုံးပြလာခဲ့သည်။Xu Ze က တံခါးကိုဖွင့်လိုက်ရင်း ဘေးခုံမှာဝင်ထိုင်ကာ သူ့ထက်အလျှင်ခါးပတ်ပတ်လိုက်သည်။


"တကူးတကလာကြိုပေးတဲ့အတွက် ဒုက္ခရောက်စေမိပြီ။ကျေးဇူးတင်ပါတယ်"Xu Ze ကသူ့ကိုကျေးဇူးတင်ကြာင်းပြောလိုက်သည်။


Xu Ze ၏မျက်ခုံးလေးတွေက ပြုံးနေပြီး မက်မွန်ပုံမျက်လုံးလေးတွေမှာတော့ နွေဦးရောက်နေသလိုပင်။ဒီနေ့ရာသီဥတုသာယာပြီး ကောင်းကင်ကလည်း ကြည်လင်နေ၏။ဒီလိုနေ့မျိုးက ဒိတ်လုပ်ဖို့အတွက် အကောင်းဆုံးဖြစ်သည်။Xie Chengzhou ၏နှလုံးသားထဲမှာ ဒီလိုအတွေးလေးပေါ်လာခဲ့ပြီး Xu Ze ရဲ့ဗိုက်လေးကို ကြည့်မိသွားတော့ သူ့ရဲ့နှစ်လိုဖွယ်အတွေးတွေကို မောင်းထုတ်လိုက်ရတော့သည်။


"ဘယ်ကသာ?ကိုယ်က အဆင်ပြေအောင် စီစဉ်လိုက်တာပါ။ကိုယ်ဆေးရုံကိုဝင်ပြီးတော့တောင် ဆရာဝန်ကိုနှုတ်ဆက်ခဲ့သေးတယ်"Xie Chengzhou ကကားလေးကို လမ်းမပေါ်သို့ ဖြေးညင်းစွာ မောင်းထွက်သွားခဲ့သည်။သူလာခဲ့တယ်ဆိုတာက သူနဲ့ Xu Ze ကြားကဆက်ဆံရေးနီးကပ်သွားစေချင်လို့ဆိုတာကို ဖော်ပြလို့နေသည်။


တကယ်လို့ Xie Chengzhou သာသူ့အပေါ်တကယ်ကောင်းတာဆိုရင် Xu Ze ကလိုက်လိုက်လဲလဲကို ဝမ်းသာမိမှာပင်။ဒါပေမယ့် သူ့ကိုကြည့်ရတာ ဒီအတွက် အထူးအစီအစဉ်ရှိပုံပေါ်သည်။


"အင်း" Xu Ze ကခေါင်းညိမ့်ရင်း ထိုင်ခုံပေါ်မှီချလိုက်သည်။



Xu Ze  အနေနဲ့ကြည့်မယ်ဆိုရင် သူ့ခံစားချက်က အထိမခံ ထူးခြားလွန်းသည့် အခြေအနေတွင်ရှိနေ၏။ယောကျာ်းတစ်ယောက်အနေနဲ့ ရုတ်တရက် ဗိုက်တစ်လုံးထွက်လာခဲ့တယ်။သူ့စိတ်ခွန်အားက ဘယ်လောက်ပဲ မြင့်မားပါစေဦး ပြဿနာကတော့ ရှိနေဆဲဖြစ်သည်။သူက Yang Yan ၏ သူငယ်ချင်းဖြစ်နေတာကြောင့် Xu Ze ကသူနဲ့မဆက်ဆံချင်ဘူးဆိုတာကို Xie Chengzhou သိသည်။


ကားကလမ်းမပေါ်ကို မောင်းတတ်သွားပြီး Xie Chengzhou ၏ skillကကောင်းမွန်တာကြောင့် ချောမွေ့စွာပဲ မောင်းထွက်သွားသည်။ခရီးသည်ထိုင်ခုံမှာ ထိုင်နေတဲ့ Xu Ze အနေနဲ့ အလွန်ကို သက်တောင့်သက်သာဖြစ်နေခဲ့သည်။


Quick Transmigration; He likes being father 《Myanmar translation 》(ရပ်နား)Where stories live. Discover now