Chapter 4(Part 1)

855 189 20
                                    

《Not seen in  next life က complete ဖြစ်သွားပြီဆိုလို့ သွားဖတ်နေတာ ဟီဟီ....တင်ပေးလိုက်ပြီနော် update လာတောင်းတဲ့ ပူတူးရေ.....》



Xie Chengzhouကမောင်းသူနေရာတွင်ထိုင်ပြီး Yang Yan ကဘေးခုံတွင်ထိုင်၏။ဒီနေ့ညရဲ့ အဖြစ်အပျက်တွေကတော့ ပုံမှန်ထက်အနည်းငယ် ကွဲလွဲနေခဲ့သည်။Yang Yanက တိတ်တဆိတ် ကားရှေ့မှန်ကို ကြည့်နေသည်။အကြောင်းအရာအချို့ကြောင့် ဆေးရုံတုန်းက ultrasound ဓာတ်ပုံက သူ့မျက်လုံးထဲသို့ ခုန်ဝင်လာခဲ့သည်။Xu Zeပြန်လှည့်ကြည့်တဲ့အပေါ် သူစိတ်မဝင်စားဘူးဆိုတာ လက်ခံပြီးဖြစ်သည်။ဘယ်သူပဲဖြစ်နေပါစေ ကမ္ဘာအပြင်ဖက်က နတ်ဘုရားဆိုရင်တောင်မှ သူအဝတ်အစားချွတ်ပြီးနောက် မီးပိတ်ပြီးအိပ်သလိုသာဖြစ်သည်။သူ Xu Ze နဲ့အိပ်ခဲ့တာ အချိန်တစ်ခုကြာပြီဖြစ်ပြီး သစ်လွင်ဆန်းသစ်မှုဆိုတာက ကုန်ဆုံးသွားခဲ့လေပြီ။


မျော်လင့်မထားစွာနဲ့ Xu Ze မှာ မိန်းမတစ်ယောက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေရှိနေသည်။ယောကျာ်းစင်စစ်တစ်ယောက်က အမျိုးသမီးတွေလို ကိုယ်ဝန်ဆောင်နိုင်တယ်။တကယ်လို့ ကလေးကသာ သူ့ဟာမဟုတ်ခဲ့ဘူးဆိုရင် သူလည်းပဲ Xie Chengzhou ကဲ့သို့စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မြင်နေမှာဖြစ်သည်။ဘယ်လိုပဲဖြစ်နေပါစေ Xu Ze ဗိုက်ထဲက မျိုးစေ့ကသူ့ဟာဖြစ်ပြီး Xu Ze ကသူ့အပေါ်လိမ်ညာရဲသည့် သတ္တိမရှိဘူးဆိုတာ သူသေချာပေါက်ပြောနိုင်သည်။သူ့ကို ယွမ် 100,000 လွှဲပေးပြီးနောက် လောလောဆယ်တွင် လိမ်မာနေရန် မျှော်လင့်သည်။သူ့ငွေကိုမယူပဲ သူ့ကလေးကိုမဖျက်ချဘူးဆိုရင်ရော.....သူ့ရင်သွေးကိုယောကျာ်းတစ်ယောက်က မွေးဖွားပေးတာကို သူလည်း စိတ်မဝင်စားပေ။ကားက လမ်းတစ်လျှောက်တစ်ဟုန်ထိုးပြေးထွက်သွားပြီး KTV ဆီသို့ပြန်မောင်းလာခဲ့သည်။




Yang Yan  ကကားကို လမ်းလေးမှာပဲရပ်ရန်ပြောလိုက်ပြီး အပေါ်ကိုလိုက်မတက်သွားတော့ပေ။သူခေါ်လာသည့် အချစ်သစ်လေးက သူ့ကို ဟိုတယ်မှာ စောင့်နေသည်မဟုတ်ပါလား။Xie Chengzhou ၏ မျက်လုံးတွေကအပြုံးတွေနှင့် ပြည့်နေပြီး  Yang Yan ကိုမနာလိုအားကျနေပုံပေါ်သည်။သူတို့တွေက သူငယ်ချင်းတွေဖြစ်တာကြောင့် မကြာခနစနောက်နေကြဖြစ်သည်။ Xie Chengzhou  ကရယ်မောရင်းနဲ့ လှောင်ပြောင်လိုက်သည်။



Quick Transmigration; He likes being father 《Myanmar translation 》(ရပ်နား)Место, где живут истории. Откройте их для себя