Chapter 2(part 1)

779 206 10
                                    

🍑:《အရင်ပတ်စနေက မတင်ပေးလိုက်ရလို့ အစားတင်ပေးတာပါ》


ဒီမှာထိုင်နေသည့်လူတွေအားလုံးက လူသားတွေဖြစ်ပြီး သဘာဝအရ စူးစမ်းစိတ်ကြောင့် Xu Ze တစ်ယောက်လျှောက်ဝင်လာပြီး Yang Yan ကိုကြည့်လိုက်တာမြင်တော့  Xu Ze ဘယ်သူဘယ်ဝါဖြစ်ကြောင်း
စတင်ပြီးခန့်မှန်းကြတော့သည်။

ဘာကြောင့် Xu Ze ကYang Yan ၏သူငယ်ချင်းဟု မထင်ကြတာလဲဆိုတော့ သူဝတ်ထားသည့် သာမန်ဈေးပေါသော အဝတ်အစားက Xu Ze ၏မိသားစုက သာမန်သာဖြစ်ကြောင်း ပြလို့နေပြီး Xie Chengzhou ကဲ့သို့ မဟုတ်ကြောင်း သက်သေခံလျက်ရှိသည်။ဒီလို အလှလေးတစ်ယောက်ရုတ်တရက်ကြီးပေါ်ထွက်လာတော့ လူတိုင်းက သိချင်စိတ်တွေပြင်းပြလို့နေ၏။သူတို့ထဲကတစ်ယောက်က Xu Ze ဘယ်သူလဲဆိုတာ Yang Yanကိုမေးနေပြီး သူ့အပေါ်ကြည့်သည့်အကြည့်က ပစ္စည်းတစ်ခုကိုကြည့်နေသလိုဖြစ်ပြီး အဲ့ပစ္စည်းရဲ့တန်ဖိုးကိုတိုင်းတာနေပုံပေါ်သည်။






ဖြေလိုက်သူက Yang Yan မဟုတ်ဘဲ သူ့ဘယ်ဘက်တွင်ထိုင်နေသည့် Xie Chengzhou ဖြစ်သည်။





"Xu Ze ,Yang Yan ရဲ့ကျောင်းနေဖက်"
Xie Chengzhou က Xu Ze ကိုစိတ်ဝင်တစားကြည့်လိုက်ပြီး သူ၏စိတ်ဝင်စားမှုကို ရှင်းရှင်းလင်းလင်းပင် ဖော်ပြနေသည်။အခြားတစ်ဖက်မှ Yang Yan ၏မျက်လုံးတွေကအေးစက်နေကာ Xu Ze ကိုမထူးခြားသလိုကြည့်နေပြီး သူ့ကိုလုံးဝသဘောမကျပုံပေါ်နေသည်။





"အကို Yang ရဲ့ကျောင်းနေဖက်လား ကျွန်တော်သူ့ကိုအရင်က မမြင်ဖူးဘူးရော်။သူ့ကြည့်ရတာ တော်တော်ခန့်ညားတာပဲ အနုပညာတက္ကသိုလ်ကလား?"






လူတွေက အနုပညာတက္ကသိုလ်မှ လူအများစုကသာချောမောသည့်ရုပ်ရည်ရှိကြောင်း  ခိုင်ခိုင်မာမာသဘောတူကြလေသည်။ထိုကောလိပ်အတန်းမှလူတိုင်းက လှပကြလေသည်။





"အဲ့တာတော့မဟုတ်ဘူး။ Xu Ze?ရောက်လာမှတော့ရပ်မနေပါနဲ့ မသိရင် ငါတို့ကမထိုင်ခိုင်းတာကျနေတာပဲ။တကယ်လို့ မင်းစိတ်မရှိဘူးဆိုရင် ငါနဲ့အတူထိုင်ပါလား"





Xie Chengzhou ၏မျက်နှာပေါ်တွင် အပြုံးချိုချိုကို တပ်ဆင်ထားပြီး သားကောင်ကို ကစားနေသူကဲ့သို့ ပျော်ရွှင်စွာရယ်မောနေသည်။သူ Yang Yan ကိုကြည့်လိုက်ပြီး Xu Ze ၏လှပသောမျက်နှာတွင် ဘာအမူအရာမှမရှိဘဲ သူရယ်လေ့မရှိကြောင်း လူတွေကိုသံသယဝင်စေသည်။ရုတ်တရက် Yang Yan ၏ရန်လိုသော အကြည့်များက သူ့ဆီရောက်လာပြီး Xu Ze ကသူ့ဘေးမှ အချစ်သစ်လေးကို ကြည့်လိုက်သည်။








Quick Transmigration; He likes being father 《Myanmar translation 》(ရပ်နား)जहाँ कहानियाँ रहती हैं। अभी खोजें