Chapter 3(Part 1)

752 196 7
                                    

Chapter 3(Part 1)



Yang Yan တစ်ယောက် မယုံကြည်နိုင်လို့ ဘယ်လောက်တောင်ရှော့ရနေသလဲဆိုတာ အသာထား သူ၏သူငယ်ချင်းဖြစ်သူ Xie Chengzhou တောင်မှ စိတ်ကူးယဉ်လိုလို အိပ်မက်လိုလိုဖြစ်နေသည်။Xie Chengzhou ကတံခါးမှဝင်လာပြီး Yang Yan ၏ဘေးတွင်လာရပ်သည်။သူ၏မျက်လုံးတွေက အင်္ကျီပြန်ဝတ်နေသည့် Xu Ze နှင့်မဝေးသည့်နေရာမှ  Ultrasound ပေါ်မှ ဓာတ်ပုံအပေါ် အကြိမ်ပေါင်းများစွာ သွားလိုက်လာလိုက်ဖြစ်နေသည်။



Xu Ze မှလွဲ၍ အခန်းအတွင်း၌ လူအချို့မှာ ခနတာတိတ်ဆိတ်နေ၏။သူတို့အားအုံး လိုက်မမှီနိုင်တော့သည့် အခြေအနေကြောင့် အံ့ဩထိတ်လန့်နေပုံပေါ်သည်။နှုတ်ခမ်းထောင့်လေးကွေးသွားခြင်းနှင့်အတူ Xie Chengzhou ကဟာသလုပ်ပြီးမေးသည်။




"ဒါက ဗိုက်ထဲမှ တစ်ခုခုရှိနေလို့ မင်းမသောက်နိုင်ပါဘူးဆိုတဲ့အကြောင်း အရင်းပေါ့"




"မင်းလိမ်ညာဖို့အတွက် ဒေါက်တာနဲ့ ပူးပေါင်းကြံစည်ထားတာတော့ မဟုတ်ပါဘူးနော်"




ဒီကိစ္စက ပုံမန်လူတစ်ယောက် သိမြင်နိုင်သည့်အခွင့်အလှမ်းထက်ကျော်လွန်လို့နေသည်။အဓိကအချက်ကတော့ လူတစ်ယောက်က ကိုယ်ဝန်ရှိနေပြီး ထိုသူကယောကျာ်းတစ်ယောက်ဖြစ်တယ်ဆိုတာ မမြင်နိုင်သည်အထိ Xie Chengzhou ၏မျက်လုံးတွေက မဆိုးရွားသေးပေ။မင်းပြောစမ်းပါ ဘယ်လိုလုပ် ယောကျာ်းတစ်ယောက်က မိန်ကလေးတွေလိုမျိုး ကိုယ်ဝန်ဆောင်နိုင်မှာလဲ?အပေါ်ယံကြည့်ရင်တော့ Xu Ze ကတကယ်ပဲ ယောကျာ်းတစ်ယောက်နဲ့မတူဘူး။အမှန်တော့ သူကမိန်းကလေးတစ်ယောက်ဖြစ်ပြီး ယောကျာ်းလေးဟန်ဆောင်ထားတာများလား?ဒါဆိုရင်တော့ သူသရုပ်ဆောင်စွမ်းရည်က တကယ်ကြီး ကောင်းတာပဲ။



Xie Chengzhou ကသူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး မျက်နှာတစ်ခုလုံးမှုန်မှိုင်းနေသည့် သူငယ်ချင်းဖြစ်သူ Yang Yan ကိုကြည့်လိုက်သည်။Xu Ze ရဲ့စကားအရ သူYang Yan နဲ့အိပ်ခဲ့တယ်ဆိုတော့ သူမိန်းမလား ယောကျာ်းလားဆိုတာ Yang Yan ကအသိဆုံးဖြစ်မှာပဲ။Xie Chengzhou ၏လက်က Yang Yan ကိုပုတ်လိုက်ပြီး အားကျနေသည့်အသံနှင့်ပြောသည်။




Quick Transmigration; He likes being father 《Myanmar translation 》(ရပ်နား)Donde viven las historias. Descúbrelo ahora