Chapter 5(part 2)

770 175 14
                                    


အပေါ်ဖက်မှ အနီရောင်မီးကိုကြည့်ပြီး ခနလောက်တုန့်ဆိုင်းသွားပြီးနောက် လှည့်ထွက်လာခဲ့သည်။ကားထဲဝင်ထိုင်ပြီး စက်နိုးလိုက်ရင်း Yang Yan အကြောင်းတွေးလိုက်မိသည်။သူသိရသလောက်ဆိုရင် Yang Yan ဆိုသူက ထွေးပြီးသားတံတွေးကို ပြန်မျိုချတတ်သူမဟုတ်ပေ။(သူက backgrassလို့ရေးထားတာ peachနားမလည်လို့ အဆင်ပြေသလိုပဲရေးထားပါတယ်။အဆင်မပြေဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်)Xu Ze ကျပြန်တော့လည်း ဒီနေ့ခွဲစိတ်မှုမစခင်က Yang Yan ကိုဆက်သွယ်ဦးမလားလို့မေးခဲ့ပေမယ့်လည်း သူကမလိုအပ်ဘူးဆိုပြီး ငြင်းဆန်ခဲ့သည်။



ဒါပေမယ့် ဘယ်လိုပဲပြောပြော Yang Yan ကိုဆက်သွယ်သင့်တယ်လို့ သူထင်တယ်။နောက်ဆုံးတော့ ဖျက်ချမှာက သူ့ကလေးလေ။Xie Chengzhou က Yang Yan ၏နံပါတ်ကို ခေါ်လိုက်သည်။




"ပြောရဦးမယ်။Xu Ze အခုဆေးရုံမှာ ခွဲစိတ်ခန်းထဲဝင်သွားနှင့်ပြီ။ခန့်မှန်းခြေ နာရီဝက်အတွင်းမှာ မင်းကလေးကို ဖယ်ထုတ်လိမ့်မယ်"




ထိုအချိန်မှာ Yang Yan ကသူ့အချစ်သစ်လေး Lu Sheng နဲ့ညစာစားနေတာဖြစ်သည်။Xie Chengzhou ကရုတ်တရက်ဖုန်းခေါ်လာပြီး တိုက်ရိုက်ပဲပြောလိုက်တော့ မနေ့က Ultrasound ဓာတ်ပုံလေးကို တွေးမိသွားစေသည်။စားပွဲပေါ်တွင် တည်ခင်းထားတာက ခရမ်းချဉ်သီးတွေပါသည့် ကြက်ဥဟင်းဖြစ်သည်။ နီရဲကာတောက်ပနေသည့် ဟင်းပွဲက ရုတ်တရက်သွေးတွေလိုဖြစ်နေပြီး ခရမ်းချဉ်းသီးကို ယူစားလိုက်သည့် Lu Sheng ကိုကြည့်ပြီး သူမျက်စိဆံပင်မွေးဆူးသလိုဖြစ်လာသည်။

ထိုအချိန်မှာ Yang Yan ကသူ့အချစ်သစ်လေး Lu Sheng နဲ့ညစာစားနေတာဖြစ်သည်။Xie Chengzhou ကရုတ်တရက်ဖုန်းခေါ်လာပြီး တိုက်ရိုက်ပဲပြောလိုက်တော့ မနေ့က Ultrasound ဓာတ်ပုံလေးကို တွေးမိသွားစေသည်။စားပွဲပေါ်တွင် တည်ခင်းထားတာက ခရမ်းချဉ်သီးတွေပါသည့် ကြက်ဥဟင်းဖြစ်သည်။ ...

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.


"သူက မင်းကို အရင်ဆုံးဆက်သွယ်လာတာလား?"


Yang Yan ၏အသံကအေးစက်နေပြီး ဆိုလိုတာကတော့ Xu Ze ကအရင်ဆုံး Xie Chengzhou ကိုဆက်သွယ်ပြီး ကလေးဖျက်ချဖို့ သူနဲ့ဆေးရုံကို အဖော်လိုက်ခဲ့ခိုင်းတယ်ပေါ့။
သူ့ကလေးကိုဖျက်ချမှာကို အခြားယောကျာ်းတစ်ယောက်ကို အဖော်လိုက်ခိုင်းတယ်!တကယ်တမ်းဆို အဖော်ပြုပေးဖို့ သူ့ကိုတောင်းဆိုရမှာ မဟုတ်ဖူးလား?




Quick Transmigration; He likes being father 《Myanmar translation 》(ရပ်နား)Où les histoires vivent. Découvrez maintenant