ဒီနေ့တော့ သံပုရာပုတ်မဆီသွားဖို့ ရှောင်ကျန့်စိတ်ကူးထားသည်။ ဒီရောက်ထဲကတစ်ခုမဟုတ် တစ်ခုသာမွှေနေတာ။ သံပရာပုတ်မဆီမရောက်သေးဘူး။ ဒီနေ့တော့ရောက်အောင်သွားမည်။
စိတ်ကူးနဲ့ထပ်တူကျစွာ ဖန်ရှင်းကိုခေါ်ပြီးထွက်ခဲ့သည်။ အနောက်ကလိုက်လာတဲ့ဖန်ရှင်းကတော့ စိတ်လေတယ်ဆိုတဲ့မျက်နှာထားနဲ့ အနောက်ကနေလိုက်လာလေရဲ့။
မင်းတို့ပဲစဉ်းစားကြည့်ကွာ။ စိတ်မလေပဲနေမလား။ အရှေ့ကနေသွားနေတဲ့ငါ့သခင်လေးက လူသွားမှမသွားတာ။ ယုန်ဆိုတဲ့အတိုင်းယုန်သွား သွားနေတာကို။ လူသွား သွားတော့ ငါတို့ရဲ့အရှင် သခင်လေးရဲ့ချစ်လင်ကြီးနဲ့ papapaတေဖြစ်သွားမှာကြလို့။ မင်းတို့နော် ငါပြောတာတွေကို သခင်လေးကိုသွားမပြောနဲ့အုံး။ သခင်လေးကမထင်ရင်မထင်သလို ငါ့ကိုလင်ပေးစားချင်နေတာ။ သူကိုယ်တိုင်လင်ယူရတာအားမရလို့ ငါ့ပါလင်ပေးစားချင်နေတာ။ လိုချင်နေတာပဲမလားလို့တော့လာမပြောနဲ့နော်။ ငါကငါ့လူကြီးတစ်ယောက်ထဲကိုပဲ လိုချင်တာပါနော်။
ချန်ကျူးရင့်အဆောင်ရှေ့ရောက်တော့ အပျိုတော်လေးတွေကသူရောက်ကြောင်း ဟိုသံပရာပုတ်မကို အော်ပြီးပြောတော့မယ်ဆိုတာသူသိနေတယ်လေ။ အဲ့တော့ သူကဘယ်သူလဲ။ သူကရှောင်ကျန့်ပဲလေ။ အပျိုတော်လေးတွေကို အပြုံးလေးနည်းနည်း စွန့်ကြဲလိုက်တာ ကြောင်တောင်တောင်လေး ရပ်ကြည့်နေကြတယ်လေ။ သူလည်းအဲ့အချိန် ဟိုမိဖုရားအဆောင်ထဲဝင်သွားတာပေါ့။ အမယ် ဘာလုပ်နေတယ်ထင်လဲ။ သူ့ရဲ့မလှမပမျက်နှာကို ဘာဆေးတွေဆိုးနေမှန်းမသိပါဘူး။ နီရဲလို့။ သူဝင်လာတာလည်းတွေ့ရော သူလုပ်နေတာတွေကိုဘေးဖယ်ထားပြီး သူ့ကိုစကားစလာလေရဲ့။
"အာ...ကြင်ယာတော်ရှောင်ပဲ။ ဘာကိစ္စတွေများရှိလို့ ဒီမိဖုရားအဆောင်ထိရောက်လာရတာလဲ။"
"ကိစ္စရှိမှလာရမှာလားလို့ ချန်မိဖုရားကလည်။ မိဖုရားဆိုတာ ကျန့်ကျန့်ရဲ့အစ်မလိုပါပဲ။ ကျန့်ကျန့်ကကိုယ့်အစ်မဆီ လာတာကိုကိစ္စကရှိရအုံးမှာလား။"
"မဟုတ်ပါဘူး။ ရပါတယ် လာပေါ့ ဟင်းဟင်း။"
"အစ်မတော် ရယ်တာကလည်းနော်။ မင်းသားလေးကို ချောက်ချတော့မဲ့ လူယုတ်မာရယ်သံနဲ့တူနေတယ်။ ခ်ခ်။"
BINABASA MO ANG
Fanfictionအချိန်ခရီးသွားပြီး ရောက်လာတဲ့ အမွှေစိန်ကြင်ယာတော်လေးနဲ့ မွှေတာလေးကိုမှချစ်နေတဲ့ အရှင်။ ကိုယ်ကခုမှစရေးတာဆိုတော့အမှားလေးတေပါရင်ခွင့်လွတ်ပါ။ ကိုယ်ပိုင်စိတ်ကူးနဲ့ရေးသားခြင်းသာဖြစ်ပါတယ်။ (Completed)