အပိုင်း(7)
2.2K 139 1
ဝတ္ထုစာအုပ်တွေကို တစ်ပြီးတစ်အုပ်ဖတ်နေရာမှ ရှောင်ကျန့်မျက်နှာ တစ်ဖြေးဖြေးဆူပုပ်လာနေပြီဖြစ်သည်။ ဘာလို့ဆို သူဖတ်လိုက်တဲ့ ဝတ္ထုတိုင်းလိုလိုက အရံဇာတ်ကောင်လေးတွေနဲ့ ဗီလိန်လေးတွေခမျာ အကြောင်းမျိုးမျိုးကြောင့် ပျောက်ကွယ်သွားရတာနဲ့ သေသွားရတာနဲ့ ဒါမျိုးတွေကြီးဖြစ်နေတာမို့ ဆူပုပ်နေရခြင်းဖြစ်၏။ ဝတ္ထုတွေသာ တစ်ခုပြီးတစ်ခုပြောင်းသွားတယ် နောက်ဆုံးဗီလိန်လေးတွေပဲ အထိနာပြီး ဇာတ်လိုက်တွေက ပျော်ရွှင်စွာပေါင်းဖက်လေသတည်းနဲ့ပဲတိုးနေတယ်။
အရံဇာတ်ကောင်တွေ ဗီလိန်တွေလည်းလူထဲကလူတွေပါပဲ။ အကြောင်းအမျိုးမျိုးကြောင့်သာ ဇာတ်လိုက်တွေကိုနှောက်ယှက်တဲ့ ဒုက္ခပေးတဲ့လူဖြစ်နေရတာ။ သူတို့ခံစားခဲ့ရတာတွေကြတော့ ဘယ်သူမှမသိခဲ့ဘူး။ သိလည်းမသိချင်ယောင်ဆောင်နေခဲ့ကြတာပဲမလား။ သူတို့ခံစားရတာတွေကို ကလဲ့စားပြန်ချေတော့ လူယုတ်မာ ဗီလိန်ဆိုပဲ။ တော်တော်လေးကိုတရားကျတဲ့လူတွေ။
*ဟွန့် ဘာမှလည်းမကောင်းဘူး။ ဒီခေတ်ထဲက ဗီလိန်လေးတွေ၊ အရံဇာတ်​ကောင်လေးတွေကို ဒီလောက်နှိပ်စက်ညှင်းပမ်းထားမှတော့ ငါတို့ခေတ် နှိပ်စက်ညှင်းပမ်းတာတော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ ထုံးတမ်းစဉ်လာတစ်ခုလိုဖြစ်နေပြီပေါ့ နာယိုးစာရေးဆရာတွေ။*
ရှောင်ကျန့်ဒေါပွနေသလောက် တစ်ဖက်ကချန်မိဖုရားကတော့ ရှောင်ကျန့်ကိုဘယ်လို ဒုက္ခပေးရမလဲပဲတွေးနေတော့သည်။ မကြာခင်ကျရောက်တော့မည့် ကြင်ယာတော်ရှောင်ရဲ့မွေးနေ့ပွဲကို ကျင်းပပေးဖို့သူမ မစောင့်နိုင်ဖြစ်နေတော့၏။ အမှန်ကမွေးနေ့ပွဲ ကျင်းပပေးဖို့မဟုတ်ပဲ သူမပေးမဲ့မွေးနေ့လက်ဆောင်အတွက်ဆို ပိုမှန်လိမ့်မည်။
သူမလိုပဲ အရှင်ဝမ်ရိပေါ်ကလည်း သူ့ရဲ့ကြင်ယာတော်ကလေးလေးကို မွေးနေ့ပွဲမှာ ဖွင့်ပြောဖို့အတွက်အစီအစဉ်ရေးဆွဲနေလေရဲ့။ ဟုတ်တယ် သူဖွင့်ပြောမလို့။ ဘာလို့ဆို သူ သူရဲ့ကြင်ယာတော်ပိစိကို ချစ်နေမိပြီဆိုတာ သူကိုယ်တိုင်သေချာသိသွားခဲ့လို့ပဲ။ ကြင်ယာတော်လေး သူ့ဆီကစာအုပ်လာယူသွားတဲ့နေ့ထဲက သူ့စိတ်ထဲမှာရှိနေတဲ့ အရာကို သူ့သူငယ်ချင်းတစ်ဖြစ်လည်း ကိုယ်ရံတော်ဖြစ်သူယွီပင်းကို ပြောပြတိုင်ပင်ခဲ့တယ်။