(အပိုင္း၃)1 unicode ver
2.9K 158 0
ရှောင်ကျန့်တစ်ယောက် ခ်န္မိဖုရားကို ပြန်လည်ပြောဆိုလိုက်ရ၍ အကျေနပ်ကြီးကျေနပ်ကာ သူ့နန်းဆောင်ကိုပြန်လာခဲ့သည်။ သူဗိုက်လည်းဆာနေပြီလေ။ ခုနကစားထားတာပဲလို့ လာမပြောနဲ့။ ဟိုသံပုရာပုတ်မနဲ့ စကားပြောရလို့ စားထားတာတွေ ဘယ်နားရောက်သွားမှန်း မသိတော့ဘူး။ အမှန်ကမိဖုရားနဲ့စကားပြောလို့ မဟုတ်ပဲ သူမျောက်ပြီး ခုန်စွခုန်စွသွားခြင်းကြောင့်သာ။ အာ ဘယ်ဟုတ်မလဲ သူ့မှာယုန်တစ်ကောင်နဲ့တူတဲ့ သွားလေးတွေရှိတာဆိုတော့ ယုန်ထပြီးလို့ပြောရမှာပေါ့။
ချန်ကျူးရင့်တစ်ယောက် ပြောင်းလဲသွားတဲ့ ရှောင်ကျန့်ကြောင့် ဒေါသပုန်ထနေသည်။ ဒီလောက်နှိပ်စက် ခြိမ်းခြောက်ထားတာတောင် သူ့ကိုမကြောက်တာ ဘာလို့လဲ။ အရင်တော့ အဲ့ကောင်လေးသူ့ကိုမြင်တာနဲ့ တုန်နေအောင်ကြောက်တာလေ။ ခုကဘာဖြစ်သွားတာလဲ။ သူပဲညံ့လို့လား။ သူ့ကိုမကြောက်တော့ရအောင် အဲ့ကောင်လေးကဘယ်လောက်များ သတိ္တတွေရှိနေလို့လဲ။
*ရှောင်ကျန့် နင်ကငါဒီလောက် နှိပ်စက်တာတောင် ငါ့ကိုကြောက်ရမှန်း မသိရတော့လောက်အောင် ဘာတွေများအားကိုးရှိနေလို့လဲ။*
ချန်ကျူးရင့်တစ်ယောက် သူ့အနားမှာအမြဲရှိတဲ့ သူ့သက်တော်စောင့် ဖုန်းရန်ကိုခေါ်လိုက်သည်။ ဖုန်းရန်ဆိုတာ သူမငယ်ငယ်ထဲ သူမကိုစောင့်ရှောက်ပေးခဲ့သူ။ သူမဝမ်အရှင်နဲ့လက်ဆက်ပြီး နန်းတော်ထဲဝင်တော့လည်း သူမနဲ့အတူလိုက်လာပြီး စောင့်ရှောက်ပေးခဲ့သည်။ တစ်နည်းပြောရရင် သူမကို စိတ်ဝင်စားနေသူဆိုလည်းမမှား။ သူမကသာ မသိချင်ယောင်ဆောင်ခဲ့တာ။ သူမခ်စ္တာ ဖုန်းရန်မှမဟုပဲ။ ဝမ်အရှင် ဝမ်ရိပေါ်ဆိုတဲ့သူကို ချစ်ခဲ့တာလေ။ ဒါကြောင့်လည်း အဖေ့ကိုပူဆာပြီး ဝမ်အရှင်နဲ့ရအောင်လက်ဆက်ခဲ့တာ။ သူမနဲ့ဝမ်အရှင်က လက်ထက်ခဲ့တယ်ဆိုပေမဲ့ ခုချိန်ထိ အိပ်ဆောင်ဝင်ဖူးခြင်းမရှိပေ။ ဝမ်အရှင်ကသူမကို သူမအေဖ ချန်အမတ်ကြီးကြောင့် လက်ဆက်ခဲ့ရတာ။ သူမကိုတစ်ခါမှတောင် အရှင်ကချစ်မြတ်နိုးခြင်း မရှိခဲ့ဘူး။
အခုတော့အရှင်က ရှောင်ကျန့်ဆိုတဲ့ ကောင်လေးကိုကြည့်တဲ့ မျက်လုံးတွေက သူမကိုတောင် တစ်ခါမှမကြည့်ဖူးတဲ့ အကြည့်တွေနဲ့ကြည့်နေသည်။ အဲ့တာအပြင် အရှင့်ရဲ့နာမည်ကို ဖျတ်ခေါ်တာတောင် အရှင်ကဘာမှမဖြစ်သလို ကျေကျေနပ်နပ် ခွင့်ပြုလိုက်သေးသည်။ သူမရဲ့ဒေါသတွေက ရှောင်ကျန့်သူ့ကိုမကြောက်တော့လို့ မဟုတ်ပဲ အရှင်ကရှောင်ကျန့်ဆိုတဲ့ ကောင်လေးကိုအခုမှပထဆုံး မြင်ဖူးတာဖြစ်ပေမဲ့ သူမကိုတောင်မကြည့်ဖူးတဲ့ အကြည့်တွေနဲ့ကြည့်နေပြီး အရှင့်မျက်လုံးထဲမှာပါ မြတ်နိုးရိပ်တွေမြင်နေရလို့ ဒေါသထွက်နေတယ်ဆိုတာ အမှန်ပင်ဖြစ်ပေသည်။
ကိုယ်billမရှိတော့လို့မအပ်ဖြစ်မာဆိုးလို့ပြီးသလောက်အပ်ပေးလိုက်မယ်နော်။ မဟုတ်ရင်အပ်ဖြစ်မာမဟုတ်တော့ဘူး။ billထည့်ဖို့ပိုက်ဆံမရှိသေးလို့ ဟီး။ fbလေးတေနဲ့ကြယ်လေးတေတော့တောင်းဆိုခွင့်ရှိတယ်မလားဟင်။😖😖