အပိုင်း (၇၇၉) - သူမခန္ဓာကိုယ်အကြောင်းအား သိရှိခြင်း

Start from the beginning
                                    

အိမ်ထဲတွင်ရှိနေသော ရှုဂျင်းသည် သေဆုံးခြင်းရောင်ဝါ ဝါးမျိုခြင်းခံနေ ရသော တစ်ယောက်အား ကြည့်နေပြီး ယွမ်ရှောင်ဂျီသည် တစ်ချိန်လုံးတိတ် နေသည်။ သူ့ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုလုံး နှစ်ထားသည်။

"သူတို့ကို ပြန်သွားခိုင်းလိုက်၊ သူတို့လာတယ်ဆိုရင်တောင် အကူအညီ မဖြစ်ဘူး၊ ကြောက်သွားရုံပဲရှိမယ်" ယွမ်ရှောင်ဂျီ ပြောလိုက်သည်။

ရှုဂျင်းသည် အပြင်ထွက်ပြီး အတားအဆီးအပြင်ဘက်တွင် ရှိနေသော လူတစ်စုကို ပြောလိုက်သည် "အကြောင်းမရှိပဲ ဒီကိုမလာနဲ့ ပြန်သွားလိုက်ကြ"

"ဆရာရှု ညီ၅ ဘယ်လိုနေလဲ" ရှီမာယူရန် မေးလိုက်သည်။

"ငါတို့လည်း မသိသေးဘူး" ရှုဂျင်း ပြောလိုက်သည် "အဘိုးကြီးယွမ်ရှိ တယ်ဆိုတော့ သူအဆင်ပြေမှာပါ ဒီမှာ နေမနေနဲ့ ပြန်လိုက်"

"ဆရာလည်း မသေချာဘူးဆိုတော့ ကျောင်းအုပ်ကြီးတောင် ဂျူနီယာ လေးကို ဘယ်လိုကယ်ရမလဲဆိုတာ မသိဘူးလား" ကျန်းကျူကျိ ပြောလိုက် သည်။

ရှုဂျင်း၏ အမူအရာတင်းသွားပြီး ပြောလိုက်သည် "သူ့ကိုကယ်ဖို့ ငါတို့မှာနည်းလမ်းမရှိတာမဟုတ်ဘူး၊ သူ့လက်ရှိအခြေအနေကို ငါတို့မသိ သေးတာ"

"ကျောင်းအုပ်ကြီးယွမ်တောင် မလုပ်နိုင်ဘူးလား"

"မလုပ်နိုင်ဘူး" ရှုဂျင်း ပြောလိုက်သည် "တစ္ဆေရောင်ဝါက သူ့ခန္ဓာကိုယ် ထဲကို ထိခိုက်စေတာက အတွင်းပိုင်းခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးနည်းစနစ်ကို အသက်သွင်းလိုက်သလိုပဲ၊ သူ့ခန္ဓာကိုယ်ကို ကာကွယ်ထား သရွေ့ ဝင်လို့မရဘူး"

"ကျောင်းအုပ်ကြီးယွမ်တောင် မလုပ်နိုင်ဘူးလား"

"မရဘူး ဒါပေမဲ့ ငါတို့ နည်းလမ်းစဉ်းစားနေတယ်" ရှုဂျင်း ပြောလိုက် သည် "တော်ပြီ ငါမင်းတို့ကို အများ ကြီးပြောပြီးပြီ ပြန်သွားကြတော့"

သို့သော် တစ်ယောက်မှ ထွက်ခွာခြင်းမရှိပေ။

"ဆရာရှု ကျွန်တော်တို့ ညီ၅ကို ကြည့်ခွင့်မရဘူးလား" ရှီမာယူရှင်း မေးလေသည်။

"အတားအဆီးအတွင်းမှာ စွမ်းအင်တွေပရမ်းပတာ လှည့်ပတ်နေတာ မတွေ့ဘူးလား" ရှုဂျင်း သူ့ကို ကြည့်လိုက်သည် "မင်းတို့က အားနည်း သေးတယ်၊ မင်းတို့ဝင်လာရင်တောင် တစ္ဆေရောင်ဝါကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး၊ သူတောင်မကုရသေးဘူး မင်းတို့ကျသွားတယ်ဆိုရင် ပိုပြီးတောင် ဆိုးသွားဦးမယ်၊ ပြန်လိုက်ကြ တော့"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now