Part-96(အဟွန်း! အဆိုးလေးကိုဖမ်းမိပြီ)

Start from the beginning
                                    

နှစ်ယောက်လုံးက ဆံပင်အရှည်မြန်သောအမျိုးအစားထဲတွင်ပါသည်။ထို့ကြောင့်ရက်သတ္တပတ်အနည်းငယ်
အတွင်းနှစ်ယောက်လုံး၏ ​ရှေ့ဆံပင်လေးများကိုမျက် လုံး ဝိုင်းများကိုအုပ်သည်အထိ လုံလောက်နေတော့
သည်။

ရွက်စိမ်းကအသင့်ဆောင်ထားသော ​ခေါင်းစည်းကြိုး
ကွင်းလေးဖြင့် ထိပ်နားရှိဆံပင်လေးများကိုစုစည်းလိုက်
ပြီးတိမ်ငယ်ကိုပါစည်းပေးလိုက်၏။ပြီးသည်နှင့်အစားအသောက်များကို ကုန်စင်အောင်စားကြတော့သည်။

ကလေးနှစ်ယောက်လုံး၏ နူးညံ့သောပါးလေးများ
သည်ဖောင်းနေကာ တလှုပ်လှုပ်ဖြစ်နေပုံကအစာကို
အသည်းအသန်စားနေသော ဟန်းစတားလေးများနှင့် တူနေတော့၏..။

...........

သစ်မိုးအိမ် မှန်ပုံးလေးထဲတွင် တလှုပ်လှုပ်လုပ်နေ
သော ဟန်းစတားလေးနှစ်ကောင်ကိုအစာကျွေးနေ
ရင်း သူ့နောက်တွင်ရပ်နေသည့် အဖြူနှင့်အနက်ဝတ်
ထားသော ဝန်ထမ်းလေးကို တစ်ချက်ကြည့်ကာပြော
လိုက်သည်။

"ကူညီပေးလို့ ကျေးဇူးပါဘဲ နောက်နေ့တွေအတွက်
လည်း တောင်းဆိုပါတယ်.."

သစ်မိုးအိမ် အလေးထားကာပြောလိုက်ပြီး သူနှင့်
တူတူပါသောအတွင်းရေးမှူးကိုကြည့်လိုက်တော့
အတွင်းရေးမှူးကအလိုက်သိစွာပင် ပိုက်ဆံတစ်
အုပ်ကိုထုတ်ကာ ဝန်ထမ်းလေးကိုပေး၏။

ဝန်ထမ်းလေးအတွက်တော့ ထိုပမာဏကသူ၏တစ်
လစာနှင့်ညီမျှသည်ထက်ပင်ပိုသေးသည်။ ထို့ကြောင့်
ရက်ရောလွန်းသော မျက်စိရှေ့ကကြည့်ကောင်းသည့်
လူကြီးမင်းကိုအကြိမ်ကြိမ်ကျေးဇူးတင်ကြောင်းပြော
လိုက်၏။

သစ်မိုးအိမ် ကိစ္စမရှိကြောင်းပြောကာ ဝန်ထမ်းလေး
ကိုပြန်လွှတ်လိုက်သည်။ သစ်မိုးအိမ်က ကောင်လေး
ကိုလွတ်လွတ်လပ်လပ်ပျော်စေချင်သည်။ ထို့အတူ
အတ္တကြီးသောသူက ကောင်လေးကိုသူ့စောင့်ရှောက်
မှုအောက်တွင်လည်းထားချင်သည်။ ထို့ကြောင့်ပင်..
နောက်ကွယ်မှကောင်လေးကိုတိတ်တိတ်လေးစောင့်
ရှောက်ပေးနေခြင်း..။

ကောင်လေး၏အစားအသောက်ပိုင်းကို သေချာအာရုံ
စိုက်ကာပြင်ပေးသည်။ အသား၊အသီးအရွက်နှင့်စသည်
များကိုမျှတအောင်စီမံပေးသည်။ ဒေသထွက်အစား
အစာများထဲမှအကောင်းဆုံးဆိုသည်များကိုရွေးကာ
ကောင်လေးကိုမြည်းစမ်းစေသည်။

Clover your'e my clover[Completed]Where stories live. Discover now