ဘုရင်မကလည်း ယောင်းရဲ့မျက်ဝန်းတွေကို အေးတိအေးစက်ဖြင့်သာပြန်စိုက်ကြည့်နေခဲ့သည်....

အတ္တမဲ့ခဲ့ပါတယ်သခင်မ အရှက်တွေလည်းမဲ့ခဲ့ရပါတယ် နောက်ဆုံးအချိန်မှာ သခင်မရဲ့မျက်လုံးတွေနဲ့ လောကကိုနှုတ်ဆက်ရခြင်းဟာ သိပ်ဝမ်းနည်းစရာကောင်းပင်မယ့် ပထမဆုံအကြိမ် ရဲရဲတင်းတင်း
ကြည့်ခဲ့ရတာမလို့ ကျမသိပ်ပျော်ခဲ့ရပါတယ်....

ဒီမျက်လုံး ဒီဖြစ်တည်မူနဲ့ဒီခမ်းနားခြင်းတွေ ရက်စက်မူအပေါင်းသရဖူဆောင်းနိုင်ခဲ့တဲ့သခင်မကို နောင်ဘဝများတော့ပိုင်ဆိုင်ရလိုပါ၏ လို့ဆုတောင်းချင်တာတောင် သခင်မရဲ့အရှိန်အဝါ က လောကကိုနှုတ်ဆက်ခါနီးလူ သွေးရူးသွေးတန်းဖြစ်ပြီး ယောင်ယမ်း ဆုတောင်းဖို့မထွက်တော့သည်အထိ သိပ်ကြောက်စရာကောင်းခဲ့ပါသည်.....

ယောင်းသည် အသက်ရူဖို့ ခက်ခဲလာခဲ့ပြီ...
မျက်ရည်ပေါက်ကြီးငယ်တို့ဟာ
လှပသော သူမရဲ့မျက်နှာလှလှလေးပေါ်တော့ တစက်ချင်းစီ လှလှပပ ကျလာခဲ့ပြီ...

သူချစ်မြတ်နိးလွန်းရသူ....သိပ်ကိုရိုးသားဖြူစင်လွန်းတဲ့သူ...
ပထမဆုံးမြင်ဖူးခြင်းမှာတင်ကို
စိတ်ကော ကိုယ်ပါ သူမဆီမှာ ကပ်ငြိသွားရလောက်တဲ့ထိ ပျော်ဝင်သွားရလောက်တဲ့ထိ ဆွဲဆောင်နိုင်တဲ့သူ.....
သိပ်ပြီးပြီးပြည်စုံလွန်းတဲ့ ချစ်ရသူလေးရဲ့ အဆုံးသတ်က ဒီလိုမျိုးတဲ့လား.....

ကိုယ့်ချစ်ရသူတယောက်လုံး
မျက်စိရှေ့မှာ အသက်ရှုမရ
သောမြင်ကွင်းလောက်
ရင်နာဖို့ကောင်းတဲ့ ပိုဆိုးတဲ့
မြင်ကွင်းမရှိဘူး...
တင်းကြပ်နေအောင်
ပွေ့ဖက်ပေးထားပြီး
သည်းထန်စွာအော်ငိုပစ်လိုက်တယ်
ဖက်ထားတဲ့လက်ချောင်းလေးတွေ
ဝတ်ရုံကိုဆွဲကိုင်ထားတဲ့လက်ချောင်းတွေဟာ တဖြည်းဖြည်းနဲ့ပြေလျော့လာခဲ့ပြီ...

ယောင်းသည် ဘုရင်မကိုစိုက်ကြည့်ငေးနေရင်းနဲ့ပင် မျက်ရည်တစက်ပါးပြင်ပေါ်လိမ့်ဆင်းသွားပြီးတဲ့နောက် ဆုလေးတခုဖန်တီးပြီးသည့်အခါ မျက်လုံးလေးတွေကိုမှိတ်ချသွားသည်...

ပြာယောင်ယောင် ဖြူဖျော့ဖျော့
နခမ်းပါးလေးတွေဟာ
တချက်တချက်မဲ့သွားပြီးတဲ့နောက်မှာ
သွေးအိုင်ထဲက လှပတဲ့မိန်းကလေးဟာ ငြိမ်သက်သွားခဲ့လေပြီ....

Last Tear (Season 1)Where stories live. Discover now