Ep.22

1.3K 155 25
                                    

သေရည်တွေ သောက်ကြ စားကြနဲ့ ဆူညံ့ပွက်လောရိုက်နေသော ခမ်းမမှ မင်းသမီးဟာ ကိုယ်ရံတော်ရဲ့ လက်ကိုစွဲကိုင်ပြီးထွက်လာခဲ့တယ်....

Ni:ဒီနေ့ li ငယ်ဘာတွေလုပ်နေခဲ့တယ်ဆိုတာကို လျောက်တင်တော့မလား လင်း

"သခင်မလေးက ဒီနေ့တနေ့ကုန်လုံး မင်းသမီးဟျွန်းနဲ့အတူရှိနေခဲ့တာပါ"

Ni: ဟုတ်လား သူပျော်နေခဲ့တယ်မလား

"ဟုတ်ကဲ့.............."

ကိုယ်ရံတော်ဟာ ဖြစ်ကြောင်းကုန်စင်ကို မင်းသမီးအားလျောက်တင်ခဲ့တယ်

Ni:li ငယ်လေးက မင်းကို မင်းသမီးဟျွန်းအတွက်နဲ့ ဆူပူခဲ့တာလား သူတို့ကဟိုးအရင်ကတည်းက မိတ်ဆွေတွေလေ နားလည်ပေးလိုက်ပါ

"ဟုတ်ကဲ့"

Ni: ငါအရှင်းဆုံးဘဲပြောချင်တယ် လင်း နင်ငါ့ငယ်သူငယ်ချင်းတယောက်အနေနဲ့ပြောပြပေးပါ ငါ့အခုပုံစံက အရမ်းရယ်စရာကောင်းနေတယ်မလား

"မင်းသမီး အဲ့မေးခွန်းကိုမမေးလို့ဖြစ်မလား"

Ni: သူငယ်ချင်းတယောက်အနေနဲ့ဖြေပေးပါ ရိုကျိုးနေစရာမလိုဘူး

"ငါလေ...ငါ LiLi Ban ကိုသတ်ပစ်ချင်တဲ့စိတ်တွေကိုမျိုသိပ်ထားရတာ.... နင်သူ့အပေါ်ဘယ်လောက်ကောင်းခဲ့လည်း သူက..."

Ni: ဟုတယ်မို့လား....နင်လည်း အဲ့လိုဘဲထင်တယ်မလား ငါကနစ်နာသူလို့...

ဒါပေမဲ့မှားတယ် လူမသိသူမသိ သခင်မလေးဟာ အမြဲအရိုက်ခံနေရတယ် သက်တော် ၅ နှစ်ကတည်းက မင်းသမီးကြာပွတ်မှာ သခင်မလေး သွေးတွေစွန်းနေခဲ့တာအခုထိ

မင်းသမီးအသံကြားရင် ဟိုးငယ်ငယ်လေးထဲကအခုထိ တုန်နေအောင်ကြောက်တတ်တုန်းဘဲ

သခင်မလေး ဥပေက္ခာ ပြုတာကိုဘဲမြင်ကြတာ အနှိပ်စက်ခံရတာတွေဘယ်သူသိတာမှတ်လို့...

သလွန်ပေါ်ကလဲလျောင်းလျက်သားမင်းသမီးဟာ မျက်လုံးလေးတွေ မှိန်ထားရင်းအနားယူနေတယ်...

ညတာတခုကို အေးအေးချမ်းချမ်းဖြတ်သန်းချင်လို့...နန်းဆောင်ပါတင်းပေါက်တွေကိုဖွင့်ဟလိုက်ကာ မှေးစက်လိုက်တယ် မနက်ရောက်လာရင် နေထပ်ထွက်လာရင် ငါကျန်းမာနေမှဖြစ်မယ်ဆိုတဲ့ ခံယူချက်လေးတခုထဲနဲ့......
.
.
.
.
.
........"
လေတွေတဖြူးဖြူးတိုက်ခတ်နေတဲ့ကြားက အိမ်တော်ကို ခြေလျငိပြန်လာတဲ့သခင်မလေးဟာ မျက်လုံးထဲတွင်အခုချိန်ထိ ခရမ်းနုရောင်လေးကို မြင်ယောင်နေမိတုန်း မျက်နှာမှာပြုံးပန်းတွေဆင်နေတုန်းဘဲ...

Last Tear (Season 1)Where stories live. Discover now