Ep.26

1.2K 146 27
                                    

မူးနောက်နေတဲ့ခေါင်းကအသိဟာ မျက်လုံးတွေမဖွင့်ချင်လောက်အောင်ပါဘဲ..မဖွင့်လို့ကလည်းမဖြစ်ပြန် ရှေ့ကနေမင်းက အတင်းကောအဓ္ဓမကို ထိုးနေတာကြောင့် ထလာရတယ်...

ဘေးပတ်ပတ်လည်ကိုကြည့်တော့ နန်းဆောင်တခုထဲရောက်နေတာကိုတော့ သခင်မလေးသိသည်....သလွန်အနေအထားအရဆိုရင်တော့ ဒါဟာ မင်းသမီးတယောက်ယောက်ရဲ့နန်းဆောင်ပါ...ရုတ်တရက် မိန်းမပျိုတဦး နန်းဆောင်တံခါးကိုဖွင့်ပြီးလာတယ် သခင်မလေးကိုလည်းမြင်တော့ အနားကိုအမြန်ရောက်လာတယ်....

"သတိရလာပြီလား သခင်မလေး ကျမမှာစိတ်ပူလိုက်ရတာ"

သခင်မလေးဟာ ထိုမင်းသမီးရဲ့နာမည်ကိုရေရွတ်လိုက်တယ်...

Li: ဟျွန်း...

"အင်း...ဟုတယ် ငါဘဲ ငါလာခေါ်ခဲ့တာ ခမည်းတော်တို့က စစ်တိုက်ဖို့ ဂျိုဆွန်းနယ်စပ်တောင်ရောက်နေပြီးမှ မင်အိမ်ရှေ့စံရဲ့စာချွန်ရောက်လာလို့ တပ်ခေါက်သိမ်းဖို့ ငါသွားပြောတာ ပျင်းရိနေခဲ့တာမလို့ ဆူးလ် နဲ့အတူ ဂျိုဆွန်းပွဲစျေးထဲလည်ပတ်နေရင်း သွေးရူးသွေးတန်းပြေးသွားတဲ့ နင့်ကိုတွေ့လို့ အခုလည်း မြေပြင်ကြီးထဲမေ့မျောနေလို့ ခေါ်လာခဲ့ရတာ"

ကြည့်ရတာ ဟျွန်းက အစအဆုံးကိုရှင်းပြနေသလိုဘဲ...ဖျော့တော့စွာပြုံးပြလိုက်တော့...သူသတင်းတွေအားလုံးကြားပြီးပြီဖြစ်ကြောင်းနဲ့ စိတ်ဖိအားမပေးဖို့အထပ်ထပ်မှာနေသည်.....

"ဒါတွေအားလုံးက မင်အိမ်ရှေ့စံ စီစဥ်ခဲ့တာတွေကြီးဘဲ စစ်မဖြစ်ချင်ရင် နင့်မိဘတွေကိုသတ်ပစ်ဖို့ မင်းသမီးဆီကိုကတိတောင်းခဲ့တာ..ဂျိုဆွန်းပြည်သူတွေနဲ့ နင့်မိဘကိုရွေးချယ်ရချိန် မင်းသမီးက အတော်ကိုခြောက်ခြားနေခဲ့တာ ပြီးတော့..ပြည်သူတွေကိုရွေးချယ်ပေးဖို့ ကိုယ်ရံတော်တွေကတောင်းဆိုခဲ့တာ "

လည်ချောင်းထဲပိုပြီးစို့နင့်လာတယ် လက်တွေကိုခပ်တင်းတင်းဆုပ်လိုက်ပြီး သခင်မလေးဟာ အသက်ကိုသတိထားရှူလိုက်တယ်...

"အဲ့နေ့က ငါရှိနေခဲ့တယ် lili ငါနဲ့မင်အိမ်ရှေ့စံ မောင်နှမတွေတော်စပ်တာသိတယ်မလား ငါငြင်းမယ်လို့ထင်ခဲ့တာ မင်းသမီးက နင့်မိဘတွေကိုမသတ်ဘဲ စစ်ဘဲတိုက်မယ်လို့ပြောခဲ့တုန်းက ကိုယ်ရံတော်တွေဒူးထောက်တောင်းပန်ခဲ့ကြတာ...သူပြောခဲ့တာကိုငါမှတ်မိတယ် နင်လောကကြီးထဲ တယောက်တည်း အထီးကျန်နေမှာထက်စာရင် သူဘဲစစ်ထွက်တိုက်လိုက်မယ်တဲ့.."

Last Tear (Season 1)Where stories live. Discover now