Ep.7

1.7K 162 21
                                    

"မင်းသမီး ပွဲတော်တည်ဖို့ အဆင်သင့်ဖြစ်ကြောင်းပါ"

တံခါးဖွင့်သံနဲ့အတူ ကြမ်းပြင်ပေါ်မှာ မင်သေသေဖြင့်ထိုင်နေတဲ့ မင်းသမီးဟာ ညဆိုလည်း မအိပ်တာကြောင့် မျက်နှာတော်တွင် ညိုမဲစွဲကုန်လေပြီ.....

" ဘာမှမသုံးဆောင်ရင် တခုခုဖြစ်သွားပါလိမ့်မယ် မင်းသမီး"

Ni: Li ငယ်လေး နန်းတွင်းထဲမရောက်လာသေးဘူးလား

" သခင်မလေးရဲ့ မယ်တော်မကျန်းမာတာမလို့ မလာနိုင်ကြောင်းလျှောက်ထားပါတယ်"

သုံးရက်....သုံးရက် လုံးလုံး အရိပ်တောင်ပေါ်မလာခဲ့တဲ့ သခင်မလေးကြောင့် ပန်းငယ် မင်းသမီးဟာ ညိုးနွမ်းလို့နေတယ်...ဘာမှလည်းမသုံးဆောင်သလို ညညဆိုလည်း မအိပ်တာမလို့ နာမကျန်းဖြစ်လာရမည်စိုး၏...

မစားချင်စားချင်နဲ့ တို့ကနဲ စိတ်ကနဲ သုံးဆောင်နေသည့် မင်းသမီးကို အထိန်းတော်ကြီး အားမရသည်မှာအမှန်ပါ...ဆေးများမိနေသလားလို့အောင့်မေ့ရအောင် သခင်မလေး မှသခင်မလေးဖြစ်နေရှာတယ်...

"ဒီညတော်က လပြည့်ညဖြစ်လို့ စျေးတန်းပွဲတော်ရှိပါတယ် မင်းသမီး"

Ni:ဟင်...ဘာလို့ပြောပြနေတာလည်း Li ငယ်လည်းမရှိဘဲနဲ့

"ဒီနေ့ည အိမ်တော်ကနေ ထွက်လာဖို့ အမိန့်စာပေးလိုက်ပါ သခင်မလေးက မင်းသမီးရဲ့အမိန့်ကိုနာခံမှာပါ"

ခေါင်းတငြိမ့်ငြိမ့်နဲ့ နားဆင်နေခဲ့ပြီးမှ စာတစောင်ချရေးကာ အိမ်ရှေ့စံ တံဆိပ်တုံးထုကာ ကိုယ်ရံတော်ဖြင့် သခင်မလေးရဲ့ အိမ်တော်သို့ပို့ဆောင်စေတယ် ပြီးမှသာ ပွဲတော်တည်ခဲ့တယ်...

တမိုင်မိုင် တတွေးတွေးနဲ့ မင်းသမီးဟာ ကြင်ယာတော်တွေနဲ့ ဆုံခဲ့ရင် မထင်မှတ်ထားလောက်အောင် မျက်နှာ​တော်က တင်းမာနေတတ်တယ်....

ဘာအမှုမှမထမ်း ဘာစာပေမှမလေ့လာ စစ်ပွဲဆိုရင်လည်း ကြင်ယာတော်ပီပီ အိမ်ရှေ့စံမင်းသမီးရှေ့မှ ထွက်တိုက်မဲ့အစား ဂျောင်တဂျောင်မှာ ပုန်းနေမဲ့ ငကြောက်တွေ သေရည်သောက်ဖို့နဲ့ အမိန့်ပေးဖို့လောက်တာသတ်တဲ့ ခပ်တုံးတုံးယောကျာ်းသားတွေကို မင်းသမီးဟာ အရေးပါပါဆက်ဆံခဲ့ခြင်းမရှိခဲ့.....

Last Tear (Season 1)Where stories live. Discover now