Ep.17

1.3K 140 30
                                    

Ni:Li ငယ်လေး

Li: အိမ်ရှေ့စံမင်းသမီး

အဆောင်အယောင်တွေဖြင့် အရောင်တလက်လက်ရောက်ရောက်လာတတ်သော မင်းသမီးဟာ ယနေ့တော့ တဦးတည်းသာရောက်လာသည် သစ်ပင်ခြေရင်းတွင် ငုတ်တုတ်ထိုင်နေသော သခင်မလေးဖြင့် တန်းတူထိုင်ချလိုက်သည်......

Li: အရေးကိစ္စ....

Ni: မရှိပါဘူး မင်းကိုဒီတိုင်း သတိရလို့...

မပြောတော့ဘူး ထွက်မလာတော့ဘူး ဘာစကားမှ ငါနဲ့ကချေသည်က ဘာများကွာသလည်းလို့ ဆွဲဆွဲရမ်းရမ်းမေးပစ်လိုက်ရင် မင်းဘာဖြေမလည်းဆိုတာ သိပ်ချင်လွန်းတယ်.....

ကချေသည်တယောက်အတွက်နဲ့ အိမ်ရှေ့စံမင်းသမီးကိုတောင်ပြန်ခြိမ်းခြောက်ရဲခဲ့တာ တော်ရုံသတ္တိနဲ့တော့မဟုတ်ဘူးမလား....

Ni: တို့......

ငိုကြွေးချင်နေလွန်းလို့ အက်ကွဲလွန်နေတဲ့ အသံတွေကိုပြန်မျိုချလိုက်တယ် ထူးဆန်းစရာဘဲ မျက်ရည်တွေကထွက်ကျမလာဘဲ အထဲမှာသာရှိနေတယ်...

Ni: ဟိုးအရင်ကသွားခဲ့တဲ့ တော့ထဲသွားကြမလား

Li: အိမ်ရှေ့စံမင်းသမီးကသွားချင်တယ်ဆိုရင် လိုက်ပို့ဆောင်ပေးဖို့ ကျမမှာတာဝန်ရှိပါတယ်...

Ni: နှစ်ယောက်တည်းသွားချင်တာ...

အနည်းငယ်တွေဝေသွားတဲ့ပုံရိပ်ငယ်....

Li:ဟုတ်ကဲ့...

Ni: တို့ပုံတူကိုမင်းရေးဆွဲပေးနိုင်မလား

Li: သဘောတော်အတိုင်းပါ...

..............."
မြင်းဖြူကြီးပေါ်က တင့်တယ်လွန်းတဲ့မိန်းမငယ် မြင်းအောက်က အိမ်ရှေစံမင်းသမီး အနောက်မြို့ရိုးတံခါးဖြစ်တာမလို့ အနောက်နန်းဆောင်ပေါ်က ယောင်းငယ်...

ဆက်နွယ်လွန်းတဲ့ ချစ်ခြင်း ယုတ်မာလွန်းတဲ့ကံကြမ္မာ မလှပသောအဆုံးသတ်......

မြင်းအောက်က အထုပ်တခုဖြင့်မင်းသမီးဟာ မသိရင် ခိုးရာလိုက်ပြေးမည့် မိန်းမငယ်နှင့်ဆင်တူတာကြောင့် ဒဏ်ရာတွေပေးလို့ မင်းသမီးကိုစိတ်ဆိုးနေခဲ့ပင်မယ့် ခပ်ဟဟလေးတော့ပြုံးရယ်မိတယ်....

Last Tear (Season 1)Where stories live. Discover now