Ep.2

2.7K 240 18
                                    

အခြွေအရံပေါများလွန်းတဲ့မင်းသမီးလေးဟာ အခုဆိုရင် သက်တော် ၁၈ ပြည့်ခဲ့ပြီ ဖြစ်ပြီး နိုင်ငံတော်ရဲ့ တဦးတည်းသော အိမ်ရှေ့စံမင်းသမီးဖြစ်လာခဲ့တယ်...

ထိုအိမ်ရှေ့စံမင်းသမီးအဖြစ်ခန့်အပ်တဲ့နေ့မှာဘဲ သူမ ကြင်ယာတော်မြှောက်ခဲ့တယ်...ထိုကြင်ယာတော်ဟာ ခမည်းတော်က အတင်းအကြပ်စီစဥ်၍သာ နိုင်ငံအင်အားကြီးအောင်ခေါင်းငြိမ့်လိုက်ရပင်မယ့် ချင်တိုင်းပြည်ရဲ့ အမတ်ကြီးသားကို သူတယ်သဘောမကျခဲ့ဘူး....

ထမ်းမြားလက်ထက်ပြီးရင် အိမ်ရှေ့စံမင်းသမီးနေရာကိုပေးမည်ဟူသော ခမည်းတော်ရဲ့ကတိ
ကြောင့် အခုလို ငြိမ်သာစွာခေါင်း
ငြိမ့်ခဲ့ခြင်း ထပ်တိုး၍မြှောင်ပင့်ထားသော မိဖုရားတွေမှ မွေးဖွားလာတဲ့ သားတော်တွေ ထိုနေရာကိုရမည်ဆိုး၍ မစဥ်းစားဘဲ ခေါင်းငြိမ့်လိုက်သည်....

ထိမ်းမြားပြီးသွားရင် မင်းသမီးဟာ ကြင်စဦး သလွန်ပေါ်မှာ မင်းသားကိုစောင့်ဆိုင်းရပါသတဲ့....ထိုအရာတွေကိုသူမနှစ်သက်ခြင်းမရှိ.... သူမအလိုကျတာက ဝိုင်းစက်စက်မျက်ဝန်းတွေ ဖြူဖြူရှည်ရှည်လာသွယ်သွယ်လေးတွေနဲ့ တခုခုဆို သွားလေးတွေစိပြီးရယ်ပြတတ်တဲ့ ၁၃ နှစ်အရွယ်ကလေးငယ်ကိုပါ....

Ni: Liငယ်

ကန်တော်ကြီးရဲ့အလယ်မှာရှိတဲ့ မင်းသမီးအတွက်သီးသန့်စာကြည့်ဆောင်ပုံစံလုပ်ပေးထားတဲ့အဆောက်အဦးကို lili အပါအဝင် သူမ နှစ်ဦးတည်းသာ ဝင်ခွင့်ရှိသည်...

တည်ငြိမ်တဲ့ပုံစံဖြင့် လက်ရေးကျင့်နေတဲ့ lili ဟာတကယ့်နူးနူးညံ့ညံ့လေး ပညာရှိအမတ်ကြီးရဲ့ခြေရာကိုနင်းမည့်သူလေးပေါ့...အခုလည်း အော်သံကိုမကြား စာလုံးစုလေးတွေထဲ စိတ်နှစ်ထားတာ....

Ni: တို့ခေါ်နေတာကိုမကြားဘူးလားငယ်....

Li: မင်းသမီး

လက်ထဲက စုတ်တံလေးကို ဖြစ်သလိုချပြီး ထရပ်ကာ ခါးညွန့်ပြီးအရိုအသေပေးလိုက်တယ်...မပေးလို့လည်းမဖြစ် ရှေ့မှောက်တွင်ရှိနေသောသူသည် ဂျိုဆွန်းရဲ့ အိမ်ရှေ့စံမင်းသမီးတပါးဖြစ်နေလေပြီ...

Ni: တို့ကမင်းဆီကိုလာတာလေ ငယ် တို့ထက်စာလုံးတွေကိုဦးစားပေးနေတာလား ဒီနေ့ကစပြီး စာပေလေ့လာခွင့်မရှိဆိုတဲ့အမိန့်ကိုထုတ်ပြန်လိုက်ရမလား...

Last Tear (Season 1)Where stories live. Discover now