သခင်မလေးရဲ့ဘုရင်မကိုပေးသောမုန်းတီးအကြည့်တွေနဲ့ မျက်နှာဖုံးစွပ်ခံစားချက်မဲ့သောမျက်နှာထားတွေနဲ့ သူ့လက်ထဲပွေ့ထားသော မိန်းမငယ်ကို ပေးအပ်သော အကြင်နာများသည် လရောင်တထိန်ထိန်အောက်မှာ အသဲနာစရာ.....ထိုအကြင်အနာတွေနဲ့တင် ရင်ဘတ်ကြီးတခုလုံးကြွေမွကာ မီးလောင်နေပြီ.....

ကျလုဆဲဆဲမျက်ရည်တွေဖြင့် ဝေဒနာကိုပြင်းထန်စွာခံစားရင်း
သူ့အားရင်ကွဲနာကျစေသော နာကျင်စေသော ရင်တွေအစိတ်စိတ်အမွှမွှာ ကွဲစေသော မျက်ဝန်းတွေနဲ့ကြည့်နေကာ ဝတ်ရုံကိုကိုင်ထားတဲ့ သွေးတွေပေကျန်နေတဲ့ လက်ချောင်းရှည်ရှည်တွေနဲ့ ပါးပြင်ကိုလာထိတွေ့တယ်....

Young: တောင်းပန်ပါတယ် Li

Li: မလိုဘူး...မတောင်းပန်နဲ့
ယောင်းကို ကိုယ် ရအောင်ချီခေါ်သွားမယ်...ဘာမှမဖြစ်တော့ဘူး.. သူတို့ယောင်းကိုဘာမှလုပ်လို့မရတော့ဘူး...

သူမရဲ့ မျက်ဝန်းလှလှလေးတွေသည် li ကိုစူးစိုက်ကြည့်နေရာမှ တခြားဦးတည်ဘက်တခုကို ကြေကွဲနေသောမျက်ဝန်းတွေဖြင့်ကြည့်စေတယ်....
ယောင်း လှမ်းကြည့်နေတဲ့နေရာကို
မျက်ရည်တွေ မနိုင်တဲ့ကြားက
ကြည့်လိုက်တော့ ဒီနိုင်ငံတော်ရဲ့
ဘုရင်မ....။

အမြဲတမ်း ရွှေရောင်ဝတ်ရုံကြီးတွေနဲ့ အနီတောက်တောက်ဝတ်ရုံကြီးတွေကို ခမ်းနားထည်ဝါအောင်ဝတ်တတ်ပြီး....
အနက်ရောင် ဆံနွယ်ရှည်ရဗည်တွေကို ဘုရင်မ ပီသစွာ စည်းနှောင်ထားတတ်ပင်မယ့်
အခုတော့....ထိုဆံနွယ်ရှည်ရှည်တွေကို လေဟာနယ်တွင်သာ လွင့်မြောနေစေပြီး ညဝတ်ရုံ ဖြူလွလွ ကိုသာဝတ်ဆင်ထားတယ်....

မြင်းဖြူဖြူပေါ်က ဘုရင်မသည်
မြေခွေး မျက်လုံးနှင်ဆင်တူသောသူမရဲ့ထူးကဲစွာသော မကျဉ်းမကျယ်မျက်ဝန်းတို့ဖြင့် စူးရဲပြတ်သားစွာ စိုက်ကြည့်နေတယ်...

ယောင်းသည် အရည်လဲ့နေသောမျက်ဝန်းလှလှလေးတွေနဲ့ မျက်လုံးမှိတ်ကျမသွားခင်အထိ ဘုရင်မတယောက်တည်းကိုဘဲစူးနစ်စွာကြည့်သွားခဲ့သည်....ဒါကိုသခင်မလေးကကြည့်ကာ ပို၍ရူးကာငိုခဲ့သည်....သခင်မလေးအတွက်ထားခဲ့တာ တောင်းပန်ပါတယ် ဆိုတဲ့စကားလေးတခွန်းဘဲ...

Last Tear (Season 1)Where stories live. Discover now