ဘုရင်မက ဒေါသထွက်ထွက်ဖြင့် တွေ့ရင်သတ် ဘာဘဲဖြစ်ဖြစ်အစဖျောက် နှစ်ယောက်လုံးကိုအရှင်မထားနဲ့ဟု ဓါးတရမ်းရမ်းနဲ့ အမိန့်များသည် အားလုံး၏နားထဲစွဲထင်နေခဲ့သည်.....

တကယ်တမ်း မျက်နှာချင်းဆိုင်ဆုံကြသည့်အခါ ဘုရင်မတယောက်လုပ်ရဲခဲ့တာသည် li ငယ်လေးဘယ်မှာလည်း ဆိုတဲ့မေးခွန်းလေးတခုထဲရယ်ပါ....

ထိုကချေသည်လေးကို သူ့လက်နဲ့များသတ်မိရင် သူ့ကိုပြန်သတ်သွားနိုင်တဲ့ သခင်မလေးရဲ့ချစ်ပေးနိုင်မူကြီးအကြောင်း အသဲတွေ တစစီကွဲကြေရင်း အမှန်တရားကိုလက်ခံခဲ့ရတာကြောင့် ဘုရင်မဟာ ဟန်သာရှိသော ရက်စက်သူကြီးပါ....

Li:ယောင်း!!!

ယောင်းတယောက် ခွေကနဲလဲကျသွားချိန်တွင် အချိန်ကိုက်အပြေးတပိုင်းရောက်ရှိလာသူ....။

သူမ...သိပ်ချစ်ရပါသောသူမက
လက်ဆောင်ပေးထားတဲ့ အနောက်နိုင်ငံက ပိုးသားဝတ်ရုံ
ဖြူလွလွဖြင့် မြေပြင်ပေါ်မှာလဲကျနေတယ် ရဲရဲတောက်နေတဲ့ သွေးနီနီတွေဟာ သူမရဲ့ ဝတ်ရုံလေးနဲ့မှ မလိုက်ဖက်......

ကြိုမြင်နေလို့....ဒီလိုအဖြစ်အပျက်တွေဖြစ်လာမှာကိုကြိုသိနေလို့
ချစ်ရသူကို အစွမ်းကုန်ကာကွယ်ဖို့
အပြေးလာခဲ့ပါသော်လည်း
ချစ်ရသူရဲ့ ရင်ဝတည့်တည့်မှာ
မြားတချောင်းစိုက်ဝင်နေခဲ့ပြီ....

ဘယ်သူဘယ်ဝါလုပ်တာရယ်လို့ သခင်မလေးမတွေးခဲ့ မြင်လည်းမမြင်ခဲ့တာမလို့....ဒီအချိန် ဒီအခြေအနေမှာ လေးနဲ့မြားကိုင်ထားပြီး ယောင်းနဲ့ သူ့ကိုသတ်ဖို့နေ့တိုင်းအော်ဟစ်ကြွေးကျော်နေခဲ့တဲ့ ဘုရင်မအပြင်တခြားသူမရှိ....

ကံကြမ္မာ ဖန်တီးသူသည် ဘုရင်မအပေါ်သိပ်ရက်စက်လွန်းပါသည်...

မြေပြင်ပေါ် လဲကျသွားသောပုံရိပ်လေးဆီသို့...ဘယ်အရာကိုမှဂရုမစိုက်ဘဲ သွေးရူးသွေးတန်းသွားပြီးထွေးပွေ့ရာတွင် သူမလေးတကိုယ်လုံးဟာအေးစက်နေလေပြီ...

Li: ယောင်း...ကိုယ်လေ...ကိုယ်ပါ
ဘာမှမဖြစ်တော့ဘူးနော်...ကိုယ် သမားတော်ဆီပို့ပေးမယ် အဆင်ပြေသွားမှာ..

ယောင်းဟာ နီရဲနေသောမျက်အိမ်တွေဖြင့် သွေရဲရဲတွေပေနေတဲ့ လက်ချောင်းရှည်ရှည်လေးတွေဖြင့် ဝတ်ရုံကိုအားကိုတကြီးစုပ်ကိုင်ထားတယ်...

Last Tear (Season 1)Where stories live. Discover now