"မလိုပါဘူး " ပြောကာ ထွက်သွားလေသည်

ဂျယ်ဆောင်းဆီ ဖုန်းခေါ်လေတော့သည် "ရား သူငယ်ချင်းကမေ့လဲနေတာကို လာ..."

"မနေ့ကလာသွားတယ်လေ နင်အိမ်ရာဘေးက သစ်သီးခြင်းကငါပေးသွားတာ "

ယူအာ အပြစ်တင်မလို့ အပေါက်ပိတ်သွားလေသည်

"အဆင်ပြေတယ်မလား အဆင်ပြေတယ်လို့အခုလိုအော်နေတာပေါ့"

"နင်တကယ်ပဲ"

"ဘာ ဒီတခေါက်လည်းwebtoonထဲ ဝင်သွားတာလား?"

'Wbဆိုမှ ဘာဖြစ်သွားလဲမသိဘူး ကြည့်ရမှာ သတိရသွားပြီ '

"ချလိုက်ပြီနော် " ယူအာက ချက်ချင်းချလိုက်လေသည်

"ဟဲ့ဟဲ့ ကောင်မစုတ်လေးရဲ့ "

သူမမြင်လိုက်ရသည်က "ဤဇာတ်လမ်းအား ခေတ္တရပ်ဆိုင်းထားပါသည်ဆိုတာပဲ "

'အ့ဒါဆိုရင် သူကရော"

"သခင်လေး အလုပ်သွားဖို့ အချိန်ရောက်ပါပြီ "

"ကားအသင့်ပြင်ထားလိုက်"

"ဟုတ်ကဲ့ပါဆရာ"

ဆေးရုံရဲ့ ရှယ်ယာရှင်အသစ်တဦးဖြစ်တဲ့ Shanကို ကြိုဆိုလိုက်ကြရအောင်

လူတိုင်းကလက်ခုပ်ထတီးပြီးကြိုဆိုကြတယ်

Shanကဘာမှမဖြစ်သလို သူနေရာမှာဝင်ထိုင်လိုက်တယ် လူတိုင်းက သူကိုဝိုင်းကြည့်ပြီး တိတ်ဆိတ်နေကြသဖြင့် "အစည်းအဝေးစလို့ရပါပြီ"

တယောက်ချင်းစီရဲ့တင်ပြချက်တွေအပြီးမှာတော့
ဥက္ကဠ- "ဆေးရုံတွင်းဝန်ထမ်းတွေအရေးကိစ္စကရော ဒီလအတွက် ဘာတင်ပြဖို့ရှိလဲ?"

အသက်ကြီးကြီးဆရာဝန်တယောက်က လက်ကိုထောင်လိုက်တယ်

"ပြော " ဥက္ကဠက ရှန်ကိုတချက်ကြည့်လိုက်ရင်း တခုခုပေါ်သွားမှာစိုးတဲ့ပုံဖြင့် ပြောလိုက်လေသည်

"ဟိုတခေါက်က ကိစ္စထက်ဆိုးပါတယ် အခုက ဆေးရုံထဲမှာ ဘိန်းရောင်းနေတယ်လို့ သတင်းတွေထွက်နေတယ် " ထိုလူရဲ့ ပြောလက်စ စကားတောင်မပြီးသေး

ဥက္ကဠက မတ်တပ်ရပ်ကာ ခုံကိုအုန်းခနဲ ပုတ်လိုက်ရင်း "ဘာ" လို့ ထအော်ပါတော့တယ်

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Where stories live. Discover now