စင်မြင့်ပေါ်တွင် အပြာရောင်တောက်တောက်ဝတ်စုံဖြင့် ချောမောသည့် လူငယ်‌တစ်ယောက်က အရှိန်အဝါအပြည့်ကို ထုတ်လွှတ်လျက် လက်နှစ်ဖက်ကို အနှောက်ပစ်ကာ သက်တောင့်သက်သာ ရပ်နေခဲ့သည် ။
မို့ယောင်က ပြိုင်ပွဲအား သက်တောင့်သက်သာ အလွယ်တကူ အနိုက်ယူလိုက်သည်ကို တွေ့သည့်အချိန်တွင် စင်အောက် လူများ မနေနိုင်စွာ ချီးကျုးလိုက်ကြရသည် ။
" ဒီမို့ကောင်လေးက  ဒဏ္ဍာရီပါရမီရှင်ဆိုတာ .. မှန်နေတာဘဲ .. ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့ စွမ်းရည်လဲ .."
" ဒီလို စွမ်းရည်မျိုးနဲ့ အဲ့ဒီ ငကြောက်လို ပုန်းနေတဲ့ ညီအစ်ကို နှစ်ယောက်က အစ်ကိုမို့ကို ဘယ်လို ယှဉ်နိုင်မှာလဲ ..ဟမ့် .. ကောင်းကင်က ဘယ်လောက်ကျယ်တယ်ဆိုတာ မသိဘဲ အိမ်မက်မက်နေတာဘဲဖြစ်မယ် .. "
" အဲ့နှစ်ယောက်က အစ်ကိုမို့ရဲ့ ခြေဖျားတောင် မီမှာ မဟုတ်ဘူး .. အစ်ကိုမို့ရဲ့ ကြီးမြတ်တဲ့ လမ်းကြောင်းမှာ ခြေနင်းတုံး နှစ်ခုသာသာဘဲ .."
ဘန်း!!!!
ချီးကျုးနေသည့် အော်သံများက ကျယ်လောင်သည့် အသံကြောင့် တန့်သွားရ၏ ။
" ဘာဖြစ်တာလဲ .. ဘယ်သူ မိုးကြိုးကပ်ဘေး ရင်ဆိုင်နေတာလဲ .."
" မဖြစ်နိုင်တာ .. ဒီလောက် ကြီးတဲ့ တိမ်တိုက်တွေ .. ဘယ်ပါရမီရှင်မှ ခံနိုင်မှာ မဟုတ်ဘူး "
" အဲ့ဒါဆို မင်းပြော .. အဲ့ဒါ ဘာဖြစ်တာလဲ ..." တစ်ယောက်က မကျေမနပ် နူတ်ခမ်းတွန့်လျက် ပြောလိုက်သည် ။
" အဟမ်း .. ဒါက ယွင်လဲ့ တောင်အတွင်းပိုင်းက လာတာဘဲ .. ရှေးဟောင်းသားရဲ တစ်ကောင်ကောင် အဆင့်တက်တာ နေမှာပေါ့ .. ကြည့်ပါလား .. တိမ်တိုက်ထဲမှာ ရေခဲစွမ်းရည် တချို့ပါနေတယ် .. ဒါက မိုးကြိုးကပ်ဘေး ဆင့်ခေါ်သူက ရေခဲစွမ်းရည်ပိုင်ဆိုင်ထားတာဘဲလေ .."
ထိုသူပြောလို့ မဆုံးခင်ပင် နောက်ထပ် တူညီသည့်ကျယ်လောင်သည့် အသံက ထွက်လာခဲ့ပြန်သည် ။
ဘန်း!!!
ကြက်သွေးရောင် တိမ်တိုက်များက ကမ္ဘာပျက်ကပ်ကျရောက်သည့်အလား တဟုန်ထိုး ထွက်ပေါ်လာခဲ့သည် ။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကာ မို့ယောင်က ကောင်းကင်သို့ မော့ကြည့်နေရင်း လက်သီးဆုပ်လိုက်သည် ။ သူ့မျက်ဝန်းများက လူသတ်ချင်စိတ်များ ပြည့်လာကာ အေးစက်လွန်းလှသည် ။