ချန်းယန်သည် တစ်လကြာသည်အထိ တံခါးပိတ်ကျင့်ကြံပြီးမှ ဒဏ်ရာများကို ထိန်းထားနိုင်ရုံသာ ရှိသေးသည် ။
' ငါ ပြန်ရောက်တဲ့အချိန် မျက်မမြင်တွေအတွက် ပရိုဂရမ်တစ်ခုလောက် ထည့်ရင် ကောင်းမယ် .. သောက်ကျိုးနည်း ဒုက္ခရောက်တယ် .. ' စနစ်သည်လည်း သူ့၏ အမြင်အတိုင်းဖြစ်ကာ စခရင်သည် မဲမှောင်နေခဲ့သည် ။ ' ဒီဖေ..'
ဘုတ်!!!
" ဘယ်သူလဲ .." ချန်းယန်က အသံကြားရာဘက်သို့ လက်မှ ဓားသွားအား လှည့်လိုက်ကာ အေးစက်စက်ပြောလိုက်သည်။ လော့ကျွင်း ဟု ထင်မှတ်ထားသော်လည်း သူ့ကိုယ်ပေါ်သို့ ခုန်တက်လာသည့် အရာတစ်ခုကို ခံစားမိလိုက်သည် ။
ချန်းယန်က ဓားအား အနီးအနားတွင် စိုက်ထားလိုက်ပြီး လက်ထဲက အကောင်လေးအား စမ်းလိုက်ကာ ရေရွတ်လိုက်သည် ။ " ‌ယုန်လား ?? " သူ၏ ခေါင်းပေါ်တွင် ?? များ ပေါ်လာသည်ဟုပင် ထင်လိုက်သည် ။ သူသည် အစီအရင်ချထားရာ ဘယ်အကောင်မှ ခြံဝင်းထဲသို့ မဝင်နိုင်မှန်း သိထားသည် ။
တစ်ယောက်ယောက်က မခေါ်ခဲ့ မချင်းပေါ့ ...
ချန်းယန်၏ အေးစက်စက် မျက်နှာထက်တွင် ခပ်ဖျော့ဖျော့ အပြုံးလေးပေါ်လာက ယုန်လေးအား ပွေ့ချီလျက် ခြံဝင်းထဲသို့ ဆင်းလာခဲ့သည် ။ သူက မက်မွန်ပင်အောက်ရှိ ကျောက်ခုံပေါ်တွင် ယုန်လေးအား တင်လိုက်ကာ မန္တန်တချို့ ရွတ်ဆိုလိုက်သည် ။ သူ့ ချီစွမ်းအင် ပြန်‌မကောင်းလျှင်တောင် မန္တန်နဲ့ ဆိုပါက ယုန်လေးအား အာရုံခံနိုင်မည် ဖြစ်သည် ။
ေ‌လာ့ကျွင်းက မက်မွန်ပေါ်တွင် လဲလျောင်းနေရင်း ချန်းယန်၏ လှုပ်ရှားမှုများကို လိုက်ကြည့်နေမိသည် ။
ဓားသိုင်းလေ့ကျင့်နေသည့် ထိုသူက လှုပ်ရှားမှုတိုင်း သေသပ်နေကာ ကခုန်‌နေသည့်အလား လှပနေခဲ့သည် ။ အတွေ့အကြုံရှိသူသာ ထိုဓားကွက်များသည် အကွက်တိုင်း အသက်ကို နုတ်ယူနိုင်ကြောင်း သတိထားမိမည် ဖြစ်သည် ။ နှင်းများပေါ်မှ ဖြတ်ပြေးသွားသည့် ခြေရာများက သည်းထန်စွာ ကျဆင်းနေသည့် နှင်းများအောက်တွင် လျင်မြန်စွာ ဖုံးကွယ်သွားသော်လည်း သေသပ်သည့် ခြေရာများက ပေါ်ထွက်နေဆဲပင် ။