သူနဲ့ကျီချင်luggageတွေယူပီးလေယာဥ်ပေါ်မှဆင်းရန် လေယာဥ်တံခါးနားရောက်တဲ့အချိန်မှသူ့ခေါင်းပေါ်မှာအနီရောင်အရာတခုမြင်လိုက်သည်။
ဟိုကလေးမလေးသုံးတဲ့စတော်ဘယ်ရီကလစ်လေးပင်။
ဂူရှီးယွီရဲ့သေနိုင်လောက်တဲ့အကြည့်ကိုမြင်တော့ ကျီချင်ကပျာပျာသလဲနဲ့
"လေယာဥ်ပေါ်ကဟိုကလေးမလေးလေ၊
မင်းအိပ်ပျော်နေတုန်းက မင်းအနားကိုလျှောက်လာတယ်။
ပီးတော့မင်းကိုလက်ညှိုးထိုးပီး 'မင်းသမီးလေး' နဲ့တူတယ်ပြောပီးအဲ့ကလစ်​မင်းကိုပေးချင်တယ်တဲ့။
အာ့နဲ့ပဲကိုယ့်လက်ထဲအဲ့ကလစ်ထည့်ပေးသွားတာ၊ကလေးမလေးကိုလည်းပျော်စေချင်တော့ အဲ့ကလစ်ကိုမင်းခေါင်းမှာတပ်ပေးထားလိုက်တာ"

ဂူရှီးယွီ (눈‸눈)

သူတို့နဲ့လေယာဥ်တစင်းထဲစီးလာပေမယ့်ခုံနေရာမတူတဲ့ ကျင်းခဲ့ရယ် ဘော်ဒီဂတ်တွေရယ်စုံတာနဲ့ ကြိုတင်စောင့်နေတဲ့ကားပေါ်တက်ကာချိန်းထားတဲ့စားသောက်ဆိုင်ဆီထွက်လာကြသည်။
နေ့လည်ချိန်ဖြစ်တာကြောင့် စားသောက်ဆိုင်တွင်လူတိုးနေလေသည်။
၀ိတ်တာကသူတို့ကိုသီးသန့်အခန်းထဲမှ၁ခန်းဆီခေါ်သွားသည်။

အခန်းထဲတွင်တော့အညိုရောင်ဆံပင်ဘုတ်သိုက်ဖြစ်နေတဲ့လူက သူတို့ကိုဖော်ရွေစွာနှုတ်ဆက်လာသည်။
ထို့နောက်သူ့ရဲ့မျက်၀န်းပြာပြာတွေက ကျီချင်ကိုအဓိပ္ပာယ်ပါတဲ့အကြည့်နဲ့ကြည့်ကာ သူတို့တိုင်းပြည်Fရဲ့ဘာသာစကားနဲ့အရွှန်းဖောက်လိုက်သည်။
ကျီချင်ကဂူရှီးယွီကိုကြည့်လိုက်ကာ တိုင်းပြည်Fရဲ့ဘာသာစကားနဲ့
"ဂုဏ်ပြုပေးတဲ့အတွက်ကျေးဇူးပါဗျာ။
ကျနော်ကသူပင်ပန်းနေမှာစိုးလို့ ဟိုတယ်ပြန်နားခိုင်းတာကို သူကမသွားဘူး ကျနော်သွားတဲ့နောက်ကိုပဲလိုက်မယ်တဲ့လေ။
ကဲ သူကျနော့်ကိုဘယ်လောက်ချစ်လဲဆိုတာ အဲ့ဒါပဲကြည့်ပေတော့"

မုတ်ဆိတ်မွှေးတွေနဲ့ မိုက်ခ်လို့ခေါ်တဲ့ဦးလေးကြီးကပြုံးကာ
"အိုးဟိုး ချစ်ဖို့ကောင်းလိုက်တဲ့စုံတွဲလေးပါလား။
ကျုပ်တောင်အားကျလာပီ၊ဒီလိုရိုမန့်တစ်ဆန်တဲ့တိုင်းပြည်မှာ ပျော်ရွှင်ဖွယ်အချိန်လေးတွေနဲ့ပြည့်နေပါစေကွာ"
ဂူရှီးယွီရဲ့ရီသံတိုးတိုးလေးကြောင့် သူတို့၂ယောက်လှည့်ကြည့်လာကြသည်။
ဂူရှီးယွီကမိုက်ခ်ဆီလက်ဆန့်ထုတ်ကာ တိုင်းပြည်Fဘာသာစကားနဲ့
"တွေ့ရတာ၀မ်းသာပါတယ်၊ကျနော့်နာမည်ဂူရှီးယွီပါ။ကျနော့်ကို ဂူ လို့ခေါ်လို့လည်းရပါတယ်။
ဆုတောင်းပေးလို့ကျေးဇူးတင်ပါတယ်၊
ဒီခရီးကကျိန်းသေပေါက်ကိုပျော်စရာကောင်းမှာပါ"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Tahanan ng mga kuwento. Tumuklas ngayon